သတင်းလွတ်လပ်ခွင့် ဆုံးရှုံးမည့်အန္တရာယ်

သတင်းလွတ်လပ်ခွင့် ဆုံးရှုံးမည့်အန္တရာယ်
photo :AFP
photo :AFP
Published 24 May 2019
မြတ်သစ်

ရုပ်မြင်သံကြားကင်မရာရှေ့တွင် တစ် ချိန်တုန်းက အာဖဂန်နစ္စတန်နိုင်ငံ၏ ‘ကဘူး မြို့မှ သားသတ်သမား’ ဟု ခေါ်ဆိုခြင်းခံနေ ရသော ဂူလ်ဆူဒင်ဟက်မက်ယာ ရှိနေသည်။ ၁၉၉၀ ပြည့်နှစ်ကာလများတွင် ကဘူးမြို့ကို ရော့ကက်များဖြင့် ပစ်ခတ်ခဲ့မှုတွင် အဓိက တရားခံဖြစ်သည့် ဂူလ်ဆူဒင်ကို ရုပ်မြင်သံ ကြားကင်မရာရှေ့တွင် တွေ့မြင်ရသဖြင့် တက္ကသိုလ်ကျောင်းသူ မူစတာဖာရာဟီမီ သည် မယုံကြည်နိုင်လောက်အောင် ဖြစ်သွား ၏။

ကဘူးမြို့၏ လူသတ်သမားဖြစ်သော ဂူလ်ဆူဒင်သည် ရုပ်မြင်သံကြားမှ စကားစစ် ထိုးပွဲတွင် ပါဝင်ခွင့်ရရှိခြင်းသည် အာဖဂန် နစ္စတန်နိုင်ငံတွင် သတင်းလွတ်လပ်ခွင့်ရရှိ ခြင်းလော၊ စစ်ရာဇဝတ်ကောင်များ လွတ် လပ်ခွင့်ရခြင်းလောဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ရုပ်မြင်သံကြား စကားစစ်ထိုး ပွဲ တက်ရောက်သည့် ပရိသတ်များအနေဖြင့် ဂူလ်ဆူဒင်သည် သူကျူးလွန်ခဲ့သော စစ်ရာဇ ဝတ်မှုများအတွက် ပြည်သူလူထုကို တောင်း ပန်ရန် ဆန္ဒရှိမရှိဆိုသော မေးခွန်းကို မေးခွင့် ရလာကြောင်း မူစတာဖာရာဟီမီက ပြော ကြားခဲ့သည်။

“တစ်ချိန်ကဆိုရင် အဲဒီလိုမေးခွန်းမေး မိရင် အသတ်ခံရနိုင်တယ်။ ဒါပေမဲ့ ယနေ့ အချိန်မှာတော့ အင်မတန်မှ အန္တရာယ်ကြီး လှတဲ့ ပုဂ္ဂိုလ်တွေကို သတင်းစာ၊ ရုပ်မြင်သံ ကြားနဲ့ လူမှုမီဒီယာတွေမှာ မေးမြန်းခွင့်ရနေ ပြီဖြစ်တယ်” ဟု မူစတာဖာရာဟီမီက ပြော လိုက်သည်။

အာဖဂန်နစ္စတန်နိုင်ငံ တစ်ဝန်းလုံးတွင် သတင်းစာ၊ သတင်းလွှာများစွာ ထွက်ပေါ်နေ သော်လည်း တာလီဘန်များနှင့် အမေရိကန်တို့ ၏ ငြိမ်းချမ်းရေးသဘောတူညီမှုရဖို့ နီးစပ် လာခြင်းသည် သတင်းလွတ်လပ်ခွင့် ရွှေခေတ် ပျက်သုဉ်းမည်ကို ပြည်သူများ စိုးရိမ်လျက် ရှိသည်။

“မီဒီယာလွတ်လပ်ခွင့် တစ်စိတ်တစ် ပိုင်း ပိတ်ပင်ခံရနိုင်တယ်။ ဒါမှမဟုတ် လုံးဝ ဥဿုံပိတ်ပင်ခံရနိုင်တယ်” ဟု ဆီဒီကူလာခါ လစ်က ပြောကြားလိုက်သည်။ သူက Hewad ရုပ်သံနှင့် ကန်ဒါဟာအသံလွှင့်ဌာန၏ ညွန် ကြားရေးမှူးဖြစ်သည်။ ကန်ဒါဟာသည် တာ လီဘန်တို့ မွေးဖွားရာ ဇာတိဖြစ်သည်။

မိမိတို့အနေဖြင့် မီဒီယာဖိနှိပ်မှုကို လည်းကောင်း၊ အစိုးရချုပ်ကိုင်မှုကိုလည်း ကောင်း ခံရဖွယ်ရှိသည်ဟု ဆီဒီကူလာခါ လစ်က ပြောကြားသည်။ တာလီဘန်ကြီးစိုး သည့် ခေတ်ကဆိုလျှင် သမားရိုးကျ မီဒီယာ များဖြစ်သည်။ သတင်းစာများကို ပိတ်ပင်ခဲ့ သည်။ ထို့ပြင် ရုပ်မြင်သံကြား၊ ရုပ်ရှင်များကို လည်း ပိတ်ပင်ပစ်ခဲ့သည်။ ထို့ပြင် အစ္စလာမ္မစ် ၀ါဒဖြန့်ချိရေးဖြစ်သော Voice of  Sharia ကို ရေဒီယိုမှ ထုတ်လွှင့်ခွင့်ကိုလည်း ပိတ်ပင် ထားသည်။ ရုပ်မြင်သံကြား ကြည့်ရှုသူမှန် သမျှ အပြစ်ပေးခံရသလို ရုပ်မြင်သံကြား စက် များလည်း ဖျက်ဆီးခံရသည်။

အာဖဂန်နစ္စတန်နိုင်ငံသည် ကမ္ဘာပေါ် တွင် ဂျာနယ်များအတွက် အန္တရာယ်အရှိဆုံး ဒေသဖြစ်သည်။ သတင်းထောက်များကို ပစ် မှတ်ထားပြီး တိုက်ခိုက်မှုတွေ ခံနေရသည်။ ၂၀၁၈ ဧပြီလတွင် IS တွေ တိုက်ခိုက်မှုကြောင့် အေအက်ဖ်ပီဓာတ်ပုံဆရာ Shah Marai အပါအဝင် အခြားဂျာနယ်လစ် ကိုးယောက် အသက်သေဆုံးခဲ့သည်။ နယ်စည်းမခြား သတင်းထောက်များမှ ထုတ်ပြန်သည့် အစီ ရင်ခံစာအရ ၂၀၁၈ ခုနှစ်သည် အာဖဂန်နစ္စ တန်တွင် သတင်းထောက်များ စံချိန်တင် သေဆုံးခဲ့ရသည့် နှစ်ဖြစ်ကြောင်း သိရသည်။ တာဝန်ထမ်းဆောင်ရင်း မီဒီယာလုပ်ငန်း တာဝန်ထမ်းဆောင်နေသူ ၁၅ ဦး အသက် သေဆုံးခဲ့သည်။

၂၀၀၁ ခုနှစ်တွင် အာဖဂန်နစ္စတန်နိုင်ငံ တွင် သတင်းမီဒီယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ခဲ့သည်။ ယနေ့အချိန်တွင် ရုပ်သံဂျာနယ် တစ်ရာ၊ ရေဒီယိုအသံလွှင့်ရုံ ၂၈၄ ခုရှိနေပြီ။ သတင်းစာနှင့် မဂ္ဂဇင်း ၄၀၀ ခန့် ထုတ်ဝေ လျက်ရှိသည်။ အာဖဂန်နစ္စတန်နိုင်ငံသည် ကမ္ဘာပေါ်တွင် စာတတ်မြောက်သူ အနည်း ဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်ပေမဲ့ ရုပ်မြင်သံကြား နှင့် ရေဒီယိုသည် အာဖဂန်နစ္စတန် ယဉ်ကျေး မှုအတွက် အရေးပါသော အခန်းကဏ္ဍမှာ ရှိနေသည်။ နိုင်ငံရေးစိတ်ပါဝင်စားရသည်မှာ ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့ကြောင့် ဖြစ်၏။

စစ်ဘုရင်များ၊ နိုင်ငံရေးသမားများနှင့် တာလီဘန်ကို ထောက်ခံသူများကမူ ရုပ်မြင် သံကြား စကားစစ်ထိုးပွဲများကို ပြင်းပြင်းထန် ထန် ဆန့်ကျင်နေကြသည်။ သူတို့က လူမှု မီဒီယာနှင့် အသံလွှင့်ဌာနများမှ စကားစစ် ထိုးခြင်း၊ အပြန်အလှန်ဝေဖန် သုံးသပ်ခြင်း တွေကိုလည်း သဘောမကျပေ။

“ကျွန်တော်တို့ ဂီတ၊ အမျိုးသမီးများ ဘဝတွေကို ရေဒီယိုကနေ လွှင့်ပေးနေတယ်။ တာလီဘန်က ရေဒီယို ခွင့်ပြုထားတယ်ဆို ပေမဲ့ ကျွန်တော်တို့ လွှင့်နေတဲ့ အစီအစဉ် တွေကို သူတို့ သဘောကျမယ်မထင်ဘူး” လို့ မီရာဟမ်ဒမ်က ပြောလိုက်သည်။ သူက ကန် ဒါဟာရှိ Zama ပုဂ္ဂလိက ရေဒီယိုမှ ရုပ်သံ သတင်းတင်ဆက်သူ ဖြစ်သည်။ တာလီဘန် တွေ ခေါင်းပြန်ထောင်လာပါက မိမိတို့၏ လုပ်ဆောင်ချက်တွေ အားလုံး ပျက်သုဉ်းရ မည့်အခြေအနေမျိုး ဆိုက်ရောက်နိုင်ကြောင်း မီရာဟစ်ဒမ်က ပြောကြားလိုက်သည်။

တာလီဘန်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ် ဇာဘီဟူလာမူဂျာဟစ်က မိမိတို့သာ ပြန်လည်ရရှိပါက လက်နက်ကိုင်သူပုန်များ အနေဖြင့် အစ္စလာမ္မစ် အယူအဆအခြေခံ သော လွတ်လပ်စွာ ရေးသားခွင့်ကို လိုက်နာ ကျင့်သုံးရမည်ဖြစ်ကြောင်း ပြောကြားလိုက် သည်။

“ကျွန်တော်တို့ ၀ါဒဖြန့်ချိတာ ခွင့်မပြု ဘူး။ လူ့အဖွဲ့အစည်းကို ထိခိုက်စေတဲ့ စော် ကားမော်ကား လုပ်တာခွင့်မပြုဘူး၊ လူ့အဖွဲ့ အစည်းတိုးတက်အောင် လုပ်ပေးမယ့် မီဒီ ယာသမားတွေပဲ တာဝန်ရှိတယ်” ဟု ဇာဘီ ဟူလာက သတိပေးလိုက်သည်

တာလီဘန်နှင့် အမေရိကန်တို့ ဆဋ္ဌမ အကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို ပြီးခဲ့ သော ရက်သတ္တပတ်က ဒိုဟာတွင် ကျင်းပခဲ့ ရာ အရေးကြီးသည့် အခန်းကဏ္ဍများနှင့် ပတ်သက်ပြီး တိုးတက်မှု အတန်ငယ်မျှရှိခဲ့ သည်။ ပြည်ပတပ်ဖွဲ့ဝင်များ အာဖဂန်မှ ထွက် ခွာပြီးပါက တာလီဘန်နှင့် အစိုးရများ အပစ် အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးရေးကိစ္စ များလည်း တာဘီလန်နှင့် အမေရိကန်ကိုယ် စားလှယ်များ ဆွေးနွေးခဲ့ကြသည်။

လက်ရှိ အနေအထားအရဆိုလျှင် တာ လီဘန်တို့ တစ်ကျော့ပြန်ဝင်လာနိုင်သလို သတင်းလွတ်လပ်ခွင့်နှင့် အမှောင်ခေတ် ပြန်ရောက်ရှိမည်ကို အာဖဂန်နစ္စတန်နိုင်ငံမှ တက္ကသိုလ်ကျောင်းသား မူစတာဖာရာဟီမီ က ပြောကြားလိုက်သည်။

Most Read

Most Recent