ဆေးစစ်ချက်များအရ ကျော်မင်းဦးနှင့် ဇေယျာနိုင်တို့၏ ဒူးဒဏ်ရာ ခွဲစိတ်ကုသရမည်ဖြစ်ပြီး မျိုးကိုထွန်း၏ဒဏ်ရာမှာမူ ခွဲစိတ်ကုသရန် မလိုအပ်

ဆေးစစ်ချက်များအရ ကျော်မင်းဦးနှင့် ဇေယျာနိုင်တို့၏ ဒူးဒဏ်ရာ ခွဲစိတ်ကုသရမည်ဖြစ်ပြီး မျိုးကိုထွန်း၏ဒဏ်ရာမှာမူ ခွဲစိတ်ကုသရန် မလိုအပ်
Photos : MFF, Kyaw Min Oo Facebook
Photos : MFF, Kyaw Min Oo Facebook
Published 7 May 2019

မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင်ကစားသမားများဖြစ် သည့် ကျော်မင်းဦး၊ မျိုးကိုထွန်းနှင့် ဇေယျာနိုင်တို့ (၃)ဦးသည် ပြီးခဲ့သည့် မေ (၄)ရက်က ထိုင်းနိုင်ငံ ဘန်ကောက် မြို့သို့သွားရောက်၍ ၎င်းင်းတို့၏ ဒဏ်ရာများအား ဆေးစစ်မှုခံယူခဲ့ကြောင်း သိရသည်။

ယခုအခါ သက်ဆိုင်ရာဆရာဝန်ကြီးများ၏ ဆေးမှတ်တမ်းများ ထွက်ပေါ်လာပြီဖြစ်ပြီး ကျော်မင်းဦးနှင့် ဇေယျာနိုင်တို့၏ ဒူးဒဏ်ရာများမှာ ခွဲစိတ်ကုသရမည်ဖြစ်သော်လည်း မျိုးကိုထွန်း၏ ဒဏ်ရာမှာမူ ခွဲစိတ်ကုသရန် မလိုအပ်ကြောင်း သိရသည်။

ယင်းကစားသမား(၃)ဦးသည် ယခုလအတွင်း လိုအပ်သည့်ကုသမှုများ ထပ်မံပြု လုပ်သွားမည်ဖြစ်သည်။ ကျော်မင်းဦးသည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက ဝဲဘက် ဒူးနှင့် ယာဘက်ဒူးနှစ်ဖက်စလုံးတွင် ဒဏ်ရာများရရှိခဲ့သောကြောင့် လက်ရှိအချိန်ထိ ကာလ ရှည်ကြာစွာ အနားယူနေရသူဖြစ်သည်။

ဘန်ကောက်မြို့၌ သွားရောက်ပြုလုပ်ခဲ့သည့် ဆေးစစ်မှုအရ ကျော်မင်းဦးသည် ဝဲဘက်ဒူးအရွတ်ဒဏ်ရာနှင့် ဒူးအတွင်း အရိုးနုတို့ကို ခွဲစိတ်ကုသရမည်ဖြစ်ပြီး မေ (၁၂ )ရက်ကို ခွဲစိတ်မည့်ရက်အဖြစ် ယာယီသတ်မှတ်ထား ကြောင်း သိရသည်။

ထို့ပြင် ဇေယျာနိုင်မှာလည်း ၎င်းင်း၏ ယာဘက်ဒူးဒဏ်ရာကို ခွဲစိတ်ကု သရန် လိုအပ်မည်ဖြစ်ပြီး ခွဲစိတ်ကုသမှုခံယူပြီးပါက (၈)လအတွင်း ပြန်လည်သက်သာလာ မည်ဖြစ်ကြောင်း သိရသည်။

မျိုးကိုထွန်း၏ ဝဲဘက်ပေါင်ရိုးနှင့် ဒူးဒဏ်ရာများမှာမူ လက်ရှိ အချိန်တွင် ကောင်းမွန်သည့်အခြေအနေရှိနေပြီး <ကက်သားများ ပြန်လည်ကောင်းမွန်လာ စေရန်အတွက် လေ့ကျင့်ခန်းများပြုလုပ်ရန်သာ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent