သတင်းတိုများ စုစည်းဖော်ပြမှု

သတင်းတိုများ စုစည်းဖော်ပြမှု
Published 4 October 2018

 

Photos: Daily Star,Mirror

■  ချယ်လ်ဆီးအသင်းနည်းပြ ဆာရီသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဂျူဗင်တပ်စ်အသင်းနောက်ခံလူ ရူဂါနီအား ခေါ်ယူရန်ပစ်မှတ်ထားနေပြီး အသင်းဘုတ်အဖွဲ့ထံ ၎င်းင်းကိုခေါ်ယူနိုင်ရေးအတွက် အသိပေးထားကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။ အီတလီလက်ရွေးစင်အသင်းအတွက် (၇)ပွဲကစားခွင့်ရရှိထားသူ ရူဂါနီ(၂၄ နှစ်)ကို ခေါ်ယူရန် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလကလည်း ချယ်လ်ဆီးအသင်း ကြိုးပမ်းခဲ့ဖူးသည်။

■  လီဗာပူးလ်အသင်း၏ ဝါရင့်တိုက်စစ်မှူး စတာရစ်ချ်က ယခုရာသီတွင် မိမိအနေဖြင့် ပွဲကစားချိန်နည်းပါးသော်လည်း ပြဿနာမရှိကြောင်းနှင့် မိမိကစားသည့်အချိန်များတွင် အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေး မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စတာရစ်ချ်က နည်းပြယာဂန်ကလော့ပ်၏ ဆုံးဖြတ်ချက်များကို မိမိ လေးလေးစားစားလိုက်နာသွားမည်ဟု ပြောကြားခဲ့သည်။

■  မန်ယူအသင်း၏ နောက်ခံလူဟောင်း အီဗရာသည် အသင်းသို့ နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် ပြန်လည်ရောက်ရှိလာဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။ ပြီးခဲ့သည့်တစ်ပတ်က ကစားခဲ့သော ဝက်စ်ဟမ်း (၃-၁) မန်ယူပွဲတွင် အီဗရာသည် VIP ပွဲကြည့်စင်၌ မန်ယူအသင်းအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်နှင့်အတူ ယင်းပွဲအား ကြည့်ရှုအားပေးခဲ့သည်။ သို့သော် ဝက်စ်ဟမ်းအသင်းနှင့် အီဗရာ ချုပ်ဆိုထားသော စာချုပ်မှာ လာမည့်နှစ် ဇွန်လမှကုန်ဆုံးမည်ဖြစ်သည်။

■  အာဆင်နယ်အသင်းသည် အသင်း၏ အင်္ဂလန်တိုက်စစ်မှူး ဒန်နီဝဲလ်ဘက်ကို စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းခြင်းမရှိ ၍ ၎င်းအနေဖြင့် လာမည့် ၂၀၁၉၊ ဇန်နဝါရီလတွင် ပြည်ပကလပ်အသင်းများနှင့် အ ပြောင်းအရွှေ့ အတွက် ဆွေးနွေးခွင့်ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။ သူ၏ စာချုပ်သက်တမ်းမှာ ၂၀၁၉၊ နွေရာသီတွင် ကုန်ဆုံးမည် ဖြစ်သည်။

■  ချယ်လ်ဆီးအသင်းသည် အသင်း၏ ဝါရင့်နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်အား စာ ချုပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်း သိရှိရသည်။ ဒေးဗစ်လူးဝစ်ဇ်သည် အသက် (၃၂)နှစ်ရှိပြီဖြစ်သည့်အတွက် အသက် (၃၀)နှစ်ကျော် ကစားသမားများကို သက်တမ်းတိုးရာတွင် ချမှတ်ထားသော အသင်း၏ မူဝါဒအရ (၁၂)လသက်တမ်းတိုးစာချုပ်သာ ချုပ်ဆိုသွားမည်ဖြစ်ကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။

■  ရာသီအစတွင် ရလဒ်များ ဆိုးရွားခဲ့သော ဝက်စ်ဟမ်းအသင်း နိုင်ပွဲများပြန်လည်ရရှိပြီး လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည် ရောက်ရှိလာခြင်းတွင် အဓိကကျသူတစ်ဦးမှာ အသင်းခေါင်းဆောင် မာ့ခ်နိုဘယ်လ်ဖြစ် သည်ဟု Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ နိုဘယ်လ်သည် အဝတ်လဲခန်းထဲ၌ ဒေါသပေါက်ကွဲပြီး အသင်းကို နိုင်ပွဲပြန်ရရှိရန် တွန်းအားပေးခဲ့ကြောင်း သိရသည်။

■  လီဗာပူးလ်အသင်း၏ အင်္ဂလန်ဝါရင့်ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာသည် သူ၏ အသင်းဟောင်း လိဒ်စ်ယူနိုက်တက်အသင်း သို့ ပြန်လည်ပြောင်းရွှေ့ကစားဖွယ်ရှိကြောင်း သိရသည်။ မီလ်နာသည် လိဒ်စ်တွင် ကစား သမားဘ၀ စတင်ခဲ့သူဖြစ်ပြီး လာမည့်ရာသီ တွင် လိဒ်စ်အသင်း ပရီးမီးယားလိဂ်သို့ တန်းတက်ခဲ့ပါက သူ၏အသင်းဟောင်းသို့ ပြန်လည်ပြောင်းရွှေ့ကစားဖွယ်ရှိသည်ဟု Daily Star သတင်းစာက ဖော်ပြခဲ့သည်။

Most Read

Most Recent