ဖီဖာ ကမ္ဘာ့အကောင်းဆုံးအသင်း (FIFA FIFPro World 11) တွင် ရီးယဲလ်ကစားသမားအများဆုံး ပါဝင်ခဲ့

ဖီဖာ ကမ္ဘာ့အကောင်းဆုံးအသင်း (FIFA FIFPro World 11) တွင် ရီးယဲလ်ကစားသမားအများဆုံး ပါဝင်ခဲ့
Published 25 September 2018

Photo : AFP

ဖီဖာမှ ရွေးချယ်သည့် ကမ္ဘာ့အကောင်းဆုံး (FIFA FIFPro World 11) (၁၁) ဦး စာရင်းတွင် ပြီးခဲ့သည့်ရာသီက လီဗာပူးလ်အသင်းနှင့်အတူ ခြေစွမ်းပြပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့သည့်ဆာလာ၊ ဘယ်လ်ဂျီယံအသင်းနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အကောင်းဆုံးလက်စွမ်းပြခဲ့ပြီး ရွှေလက်အိတ်ဆုရရှိခဲ့သည့် ကော်တိုအာ၊ ပြင်သစ်အသင်းနှင့်အတူ ကမ္ဘာ့ဖလားချန်ပီယံရရှိခဲ့သည့် ဂရီးဇ်မန်း စသည့် ကစားသမားများ မပါဝင်ခဲ့ကြောင်းသိရသည်။

ယခုစာရင်းတွင် ရီးယဲလ်အသင်းမှ ကစားသမား (၅)ဦးဖြင့် အများဆုံးပါဝင်ခဲ့ပြီး၊ ချယ်လ်ဆီးအသင်းမှ (၂)ဦး၊ PSG အသင်းမှ (၂)ဦး၊ မန်ယူအသင်းမှ (၁)ဦး၊ ဘာစီလိုနာအသင်းမှ (၁)ဦး စသည်ဖြင့် ပါဝင်ခဲ့ကြသည်။

ယခုဆုပေးပွဲသို့ ကမ္ဘာ့ဘောလုံးစတားများဖြစ်ကြသည့် စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့ တက်ရောက်ခဲ့ခြင်းမရှိကြောင်းလည်း သိရသည်။

ဖီဖာ ကမ္ဘာ့အကောင်းဆုံး (FIFA FIFPro World 11) (၁၁) ဦးစာရင်

ဂိုး- ဒီဂီယာ (မန်ယူ)

နောက်တန်း- အဲလ်ဗတ်စ် (PSG)၊ ရာမို့စ်၊ ဗာရန်း၊ မာဆယ်လို (ရီးယဲလ်)

အလယ်တန်း- မိုဒရစ် (ရီးယဲလ်)၊ ဟာဇက်၊ ကွန်တေ (ချယ်လ်ဆီး)

ရှေ့တန်း- မက်ဆီ (ဘာစီလိုနာ)၊ စီရော်လ်နယ်ဒို (ရီးယဲလ်၊ ဂျူဗင်တပ်စ်)၊ ဘာပေ (PSG)

 

 

Most Read

Most Recent