ဗန်ဒိုက်၏ဒဏ်ရာ စိုးရိမ်စရာမရှိကြောင်းယာဂန်ကလော့ပ် ပြောကြား

ဗန်ဒိုက်၏ဒဏ်ရာ စိုးရိမ်စရာမရှိကြောင်းယာဂန်ကလော့ပ် ပြောကြား
Published 24 September 2018

 

Photo: AFP

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က အသင်း၏ နယ်သာလန်နောက်ခံလူဗန်ဒိုက်၏ဒဏ်ရာမှာ စိုးရိမ်စရာမရှိကြောင်း ပြောကြားခဲ့သည်။

ယခုရာသီ လီဗာပူးလ်အသင်း၏နောက်တန်းတွင် ခြေစွမ်းပြကစားနေသော ပေါင်(၇၅)သန်းတန် နောက်ခံလူ ဗန်ဒိုက်မှာ လီဗာပူးလ် (၃-ဝ) ဆောက်သမ်တန်ပွဲတွင်နံရိုးနာကျင်သည့်ဒဏ်ရာကြောင့် ပွဲချိန် (၅၅)မိနစ်တွင် အခြားနောက်ခံလူတစ်ဦးဖြစ်သူဂျိုးဂိုးမက်ဇ်နှင့် လူစားလဲခဲ့ရသည်။

ပွဲအပြီးတွင် သူ၏ဒဏ်ရာ အတိမ်အနက်နှင့်ပတ်သက်၍ ယာဂန်ကလော့ပ် အားမီဒီယာများက မေးမြန်းခဲ့ရာ ၎င်းက " PSG အသင်း နဲ့ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲမတိုင်ခင်ကတည်းက သူ နံရိုး မှာ နာကျင်တဲ့ဒဏ်ရာ ရခဲ့တာပါ။ဒီနေ့ပွဲမှာလည်း ဒီနေရာကိုပဲ သူ ထပ်ပြီးထိခဲ့ပါတယ်။ ဒါ့ကြောင့် သူ့ကို လူစားလဲခဲ့ရတာပါ။ဒါပေမဲ့ ဒဏ်ရာရတဲ့အနေအထားက သိပ်ပြီး မပြင်းထန်ပါဘူး။ ရက်အနည်းငယ်အတွင်း သူပြန်သက်သာလာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်" ဟု ပြောကြားခဲ့သည်။

 

 

Most Read

Most Recent