မန်ယူအသင်း၏ပွဲစဉ်ကို ဂန္ထဝင်နည်းပြကြီး ဖာဂူဆန် လာရောက်ကြည့်ရှုမည်

မန်ယူအသင်း၏ပွဲစဉ်ကို ဂန္ထဝင်နည်းပြကြီး ဖာဂူဆန် လာရောက်ကြည့်ရှုမည်
Published 23 September 2018

Photo: Man Utd via Getty Images

မန်ယူအသင်း၏ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်သည် ဦးနှောက်ခွဲစိတ်ကုသမှု ခံယူပြီးနောက် ယနေ့ည မြန်မာစံတော်ချိန် (၈း၃၀)နာရီတွင် ကစားမည့် မန်ယူနှင့် ဝုလ်ဗ်ပွဲကို ပထမဆုံးအကြိမ် လာရောက်ကြည့်ရှုမည်ဖြစ်ကြောင်း သိရသည်။

အသက် (၇၆)နှစ်အရွယ်ရှိ ဆာအဲလက်စ်ဖာဂူဆန်သည် ပြီးခဲ့သည့်မေလက ဦးနှောက်တွင်း သွေးယိုစိမ့်မှုကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။

ထို့နောက် ဖာဂူဆန်သည် ပြန်လည်ကျန်းမာလာရန် အချိန်ယူခဲ့ရပြီး ယခုအခါ ပထမဆုံးအကြိမ် လူမြင်ကွင်းသို့ ထွက်ခဲ့ခြင်းဖြစ်ကာ ယနေ့ည မြန်မာစံတော်ချိန် (၈း၃၀)နာရီတွင် ကစားမည့် မန်ယူနှင့် ဝုလ်ဗ်တို့ကို ပရီးမီးယားလိဂ်ပွဲစဉ်ကို ကြည့်ရှုရန်
အိုးလ်ထရက်ဖို့ဒ်ကွင်းသို့ ရောက်ရှိနေကြောင်း သိရသည်။

Photo: Man Utd via Getty Images

ဖာဂူဆန်က "အခုလို ပြန်လည်ကျန်းမာလာတာ အရမ်းကို ကောင်းပါတယ်။ နေမကောင်းဖြစ်တဲ့ ကာလက အရမ်း ကြာခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြန်လာနိုင်ပါပြီ။ ကျွန်တော့်သားနဲ့ ဆရာဝန်တွေရဲ့ ပြောကြားချက်အရတော့ ကျွန်တော့်ရဲ့ ကျန်းမာရေးကအတော်လေး ကောင်းပါတယ်။ တကယ်တော့ ကျွန်တော် နည်းနည်းကြောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက မန်ယူနဲ့ အာဆင်နယ်ပွဲကို ကျွန်တော် နောက်ဆုံး ကြည့်ခဲ့ရတာဆိုတော့ တော်တော်လေးကြာသွားပြီပေါ့။ အခုတော့ မန်ယူအသင်းရဲ့ ပွဲစဉ်ကိုကြည့်ရှုဖို့ ကျွန်တော် ပြန်လာနိုင်ခဲ့ပါပြီ။ ဒီနေ့ပွဲစဉ်မှာ ကျွန်တော်တို့အသင်း အနိုင်ရဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့ပါတယ်။

စကော့တလန်လူမျိုးနည်းပြ ဖာဂူဆန်သည် မန်ယူအသင်းကို (၂၆)နှစ်ကျော်ကြာ ကိုင်တွယ်ခဲ့ပြီး ချန်ပီယံလိဂ် (၂)ကြိမ်၊ ပရီးမီးယားလိဂ် (၁၃)ကြိမ် အပါအဝင် ဆုဖလားများစွာ ရယူပေးနိုင်ခဲ့သည်။

 

 

 

Most Read

Most Recent