မန်ယူ၏လက်ရှိခံစစ်ကြောင့် ချန်ပီယံလိဂ်တွင် အောင်မြင်မှုရရန် အခွင့်အရေးမရှိဟု ဖာဒီနန်ပြောကြား

မန်ယူ၏လက်ရှိခံစစ်ကြောင့် ချန်ပီယံလိဂ်တွင် အောင်မြင်မှုရရန် အခွင့်အရေးမရှိဟု ဖာဒီနန်ပြောကြား
Published 18 September 2018

Photo: Sky News

မန်ယူအသင်းနောက်ခံလူဟောင်း ဖာဒီနန်က မန်ယူအသင်း၏လက်ရှိခံစစ်ပိုင်းကြောင့် ယခုရာသီချန်ပီယံလိဂ်ပြိုင်ပွဲတွင် အောင်မြင်မှုရရန် အခွင့်အရေးမရှိကြောင်း သုံးသပ်ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၅)ပွဲကစားပြီးချိန်၌ (၃)ပွဲနိုင်၊ (၂)ရှုံးနိမ့်ထားပြီး ခံစစ်ပိုင်းမှာလည်း ဂိုးမပေးရသည့်ပွဲ(၁)ပွဲသာရှိခဲ့ရာ ဖာဒီနန်က ယခုကဲ့သို့ ဝေဖန်ခဲ့ခြင်းဖြစ်သည်။

Photo:Extra.ie

ဖာဒီနန်က '' မန်ယူအသင်းရဲ့လက်ရှိခံစစ်ပိုင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် လုံလောက်မှုမရှိပါဘူး။ နွေရာသီမှာ ဒီနေရာအတွက် ကစားသမားခေါ်ယူမှု မပြုလုပ်နိုင်ခဲ့ပါဘူး။ မန်ယူခံစစ်ပိုင်းမှာ ဒီယေးယားလို စူပါမန်းဂိုးသမားတစ်ဦးရှိနေလို့ တော်ပါသေးတယ်။ သူသာမရှိရင် ပြီးခဲ့တဲ့(၄)နှစ်တာကာလအတွင်းမှာ ဘယ်လိုဖြစ်မလဲဆိုတာ မတွေးနိုင်အောင်ပါပဲ။ လင်ဒီေလော့ဖ်၊ ဘိုင်ယီတို့က အလုပ်မဖြစ်သလို စမောလင်းနဲ့ ဖီးလ်ဂျုံးစ်တို့ကလည်း ပုံမှန်ခြေစွမ်းမရှိပါဘူး။ ဒါကြောင့် မန်ယူအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရုန်းကန်ရဦးမှာပါ'' ဟုပြောကြားခဲ့သည်။

မန်ယူအသင်းသည် ၂၀၀၇-၀၈ ဘောလုံးရာသီက ဖာဒီနန်-ဗီဒစ်တို့၏ခံစစ်အတွဲ ခြေစွမ်းပြမှုနှင့်အတူ ချန်ပီယံလိဂ်ဆုဖလားကို နောက်ဆုံးရယူနိုင်ခဲ့ပြီးနောက် အောင်မြင်မှုနှင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ ဝေးကွာနေခဲ့သည်။

 

Most Read

Most Recent