ယနေ့ညကစားမည့် ယူရိုပါလိဂ် Play-offs ( ဒုတိယအကျော့) ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ညကစားမည့် ယူရိုပါလိဂ် Play-offs ( ဒုတိယအကျော့) ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 30 August 2018

■ ကိုပင်ဟေဂင် နှင့် အတ္တလန်တာ

ပထမအကျော့ရလဒ် ( အတ္တလန်တာ ဝ-၀ ကိုပင်ဟေဂင်)

ဒိန်းမတ်မြေဖြစ်လို့ အတ္တလန်တာအသင်း ပိုမိုရုန်းကန်ရတော့မယ်။ ဒါပေမဲ့ အတ္တလန်တာ ဒီတစ်ပွဲတော့ အနိုင်ကစားသွားဖို့များတယ်။

Photo: Starpool

■ ဘန်လေ နှင့် အိုလံပီယာကော့စ်

ပထမအကျော့ရလဒ် ( အိုလံပီယာကော့စ် ၃-၁ ဘန်လေ)

ပြီးခဲ့တဲ့ပထမအကျော့ကအတိုင်း ဘန်လေ အရန်တချို့ကို ပွဲထုတ်လာနိုင်တယ်။ နောက်တစ်ဆင့်တက်ဖို့ မလွယ်တော့ပေမယ့် ဘန်လေ အနိုင်နဲ့သရေပါပဲ။

Photo:Lancashire Telegraph

■ လိုက်ပ်ဇစ် နှင့် ဇော်ယာ

ပထမအကျော့ရလဒ် ( ဇော်ယာ ဝ-၀ လိုက်ပ်ဇစ်)

လိုက်ပ်ဇစ်အသင်း ပထမအကျော့က မိနစ်(၈၀)နီးပါး (၁)ယောက်အသာနဲ့ကစားရတာတောင် အနိုင်မရခဲ့ပါဘူး။ ဒီပွဲလည်း လိုက်ပ်ဇစ် (၃)ဂိုးပြတ်သွင်းဖို့ မလွယ်ဘူး။

 

■ ဆီဗီလာ နှင့် ဆစ်ဂမာအိုလိုမော့

ပထမအကျော့ရလဒ် ( ဆစ်ဂမာအိုလိုမော့ ဝ-၁ ဆီဗီလာ)

ဗီလာရီးယဲလ်၊ ဘက်တစ်တို့နဲ့ လာလီဂါပွဲကျပ်တွေအကြား မှာ ဆီဗီလာ အခုပွဲကို ကစားမှာပါ။ ဆစ်ဂမာအိုလိုမော့အသင်း နဲ့ပဲ စွန့်စားသင့်တယ်။

Photo: Sevilla FC

■ ဘော်ဒိုး နှင့် KAAဂျန့်

ပထမအအကျော့ရလဒ် ( KAAဂျန့် ဝ-၀ ဘော်ဒိုး)

ဘော်ဒိုးက အသင်းတွင်းမတည်ငြိမ်မှုကြားမှာ ရလဒ်ပိုင်းပါ ယိုင်သွားတယ်။ ဒါပေမဲ့ KAAဂျန့်လိုအသင်းကို အိမ်ကွင်းမှာ အနိုင်ကစားနိုင်တဲ့အင်အားတော့ရှိပါသေးတယ်။

 

■ ဆဲလ်တစ် နှင့် ဆတ်ဒူဗာ

ပထမအကျော့ရလဒ် ( ဆတ်ဒူဗာ ၁-၁ ဆဲလ်တစ်)

အဝေးကွင်းမှာ ဆဲလ်တစ်အသင်း အနိုင်မရခဲ့တာ ကံခေလွန်းလို့ပါ။ အခု စကော့တလန်မြေမှာတော့ ဆဲလ်တစ် အနိမ့်ဆုံး (၂)ဂိုးပြတ်လိမ့်မယ်။

 

အခြားပွဲစဉ်များ

------------

အက်စ်တာနာ - အပိုးလ်နီကိုးရှား*
*အူးဖာ - ရိန်းဂျားစ်
AEKလာနာကာ - သရန်ချင်
*ကလုချ် - ဒူဒယ်လန့်
*ကာရာဘတ် - ရှာရစ်ဖ်
*လူဒိုဂိုရတ်စ် - တာပီဒိုကူထီဆီ
အပိုလွန်လီမာဆိုးလ် - ဘေဆယ်*
မက္ကာဘီတဲလ်အဗစ် - ဆက်စဘိုး*

*မိုလ်ဒယ် - ဇင်းနစ်
မစ်ဂျေးလန်း - မာလ်မို*
ဘက်ဆစ်တက် - ပါတီဇန်*
*ရှက်ကန်ဒီယာ - ရိုစင်ဘော့
*စပါးတပ်တာနာဗာ - အိုလင်ပီယာ
*စတူအာဘူခါရက် - ရက်ပစ်ဝီအန်
*ဘရွန်ဘီ - KRCဂျန့်

(* ပြထားသော အသင်းများမှာ အကြိုက် ဖြစ်သည်)

Most Read

Most Recent