ကစားသမားသစ် ခေါ်ယူရန် ရီးယဲလ်အသင်း ပရိသတ် (၈၈)ရာခိုင်နှုန်းအထိ အလိုရှိနေ

ကစားသမားသစ် ခေါ်ယူရန် ရီးယဲလ်အသင်း ပရိသတ် (၈၈)ရာခိုင်နှုန်းအထိ အလိုရှိနေ
Published 20 August 2018

စပိန်နာမည်ကျော်သတင်းစာ AS ၏ စစ်တမ်းအရ ရီးယဲလ်မက်ဒရစ်အသင်း၏ ပရိသတ် (၈၈)ရာခိုင်နှုန်းသည် ယခုနွေရာသီအပြောင်းအရွှေ့မပိတ် သိမ်းမီ ကစားသမားသစ် ထမ်မံခေါ်ယူသွားရန် ဆန္ဒရှိနေကြောင်း သိရသည်။

Photos: Getty Images

ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုအပြောင်းအရွှေ့တွင် ကော်တိုအာ၊ ဗင်နီစီယပ်စ်၊ အော်ဒရီယိုဇိုလာ၊ လူနင်စသည့်ကစားသမားများကို ယူရို(၁၂၄.၂၅)သန်း အသုံးပြုကာ ခေါ်ယူထားသည်။ သို့သော် တစ်ရာသီဂိုး (၅၀) သွင်းယူပေးခဲ့သည့် စီရော်နယ်လ်ဒိုအပါအဝင် ကိုဗာချစ်နှင့် သီယိုဟာနန်ဒက်ဇ်တို့မှာ အသင်းမှ ထွက်ခွာခဲ့ကြရာ ရီးယဲလ်အသင်းပရိသတ်များက အသင်း၏လက်ရှိလူစာရင်းကို အားမရဖြစ်နေခြင်း ဖြစ်သည်။

ရီးယဲလ်အသင်းနည်းပြ လိုပယ်တယ်ဟီက အသင်း၏လူစာရင်းကို အားရသည်ဟု ပြောဆိုထားသော်လည်း AS သတင်းစာက ပြုလုပ်ခဲ့သည့် "ရီးယဲလ်အသင်းက ကစားသမားသစ် ဝယ်ဖို့လိုသလား" ဆိုသည့် ဆန္ဒမဲကောက်ခံမှုတွင် ပရိသတ်ပေါင်း (၁၅၄၈၃)ဦးအထိ မဲပေးခဲ့ကြပြီး (၈၈)ရာခိုင်နှုန်းဖြစ်သည့် (၁၃၆၇၃)ဦးက ကစားသမားသစ် ဝယ်ယူရန် မဲပေးခဲ့ကြောင်း သိရသည်။

ရီးယဲလ်အသင်းသည် စီရော်နယ်လ်ဒို၏နေရာ၌ အစားထိုးရန် နေမာ၊ ဗာနာ၊ အီကာဒီ၊ ရိုဒရီဂို စသည့် တိုက်စစ်ကစားသမားများကို စောင့်ကြည့်နေကြောင်း သိရသည်။

Most Read

Most Recent