မူဆာ၏အေးဂျင့်နှင့်ဂါလာတာစာရေး ဆွေးနွေးနေ

မူဆာ၏အေးဂျင့်နှင့်ဂါလာတာစာရေး ဆွေးနွေးနေ
Published 21 June 2018

 

Photo: Daily Post Nigeria

 

လက်စတာစီးတီးအသင်း၏ နိုင်ဂျီးရီးယားတိုက်စစ်မှူး အာမက်မူဆာ(၂၅ နှစ်)၏အေးဂျင့်ဖြစ်သူ ဝီလီယံဒီအေဗီလာက တူရကီကလပ် ဂါလာတာစာရေးအသင်းနှင့် မိမိ ဆွေးနွေးလျက်ရှိနေသည်ဟု ပြောကြားခဲ့သည်။

၂၀၁၈ က မ္ဘာ့ဖလားပြိုင်ပွဲဝင် နိုင်ဂျီးရီးယားအသင်းတွင် ပါဝင်ကစားလျက်ရှိနေသော မူဆာသည် ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘော လုံးရာသီက လက်စတာအသင်းတွင် ကစားခွင့်မရခဲ့ဘဲ ရုရှားကလပ် CSKA မော်စကိုအသင်းသို့ အငှားချခံခဲ့ရသူ ဖြစ်သည်။

ယခု ဂါလာတာစာရေးအသင်းက ၎င်းအား အငှားစာချုပ်ဖြင့်ခေါ်ယူလိုနေပြီး မူဆာ၏အေးဂျင့်နှင့် ဆွေး နွေးလျက်ရှိကာ အပြောင်းအရွှေ့ဖြစ်ဖွယ်ရှိကြောင်း သိရ သည်။

Most Read

Most Recent