မိုရီနိုကို စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ဗီလာရီးယဲလ်အသင်း ပြန်လည်ခေါ်ယူ

မိုရီနိုကို စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ဗီလာရီးယဲလ်အသင်း ပြန်လည်ခေါ်ယူ
Published 13 June 2018

 

Photo: Zimbio

ဗီလာရီးယဲလ်အသင်းသည် အက်စ်ပန်ညိုအသင်းမှ ၎င်းတို့ တိုက်စစ်မှူးဟောင်း ဂျရတ်မိုရီနိုကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ပြန်လည် ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

ဗီလာရီးယဲလ်အသင်းသည် မိုရီနိုအတွက် အက်စ်ပန်ညိုအသင်းကို ယူရို သန်း(၂၀)ပေးချေခဲ့ရပြီး (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

မိုရီနိုသည် ဗီလာရီးယဲလ်အသင်းတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခု နှစ်အထိ ကစားခဲ့ဖူးပြီး ပြီးခဲ့သည့်ရာသီက အက်စ်ပန်ညို အသင်းအတွက် လာလီဂါတွင်(၃၆)ပွဲ ကစားပြီး (၁၆)ဂိုး သွင်းယူပေးခဲ့သူလည်း ဖြစ်သည်။ မိုရီနိုသည် အီကန်ဘီ ပြီးနောက် ရာသီသစ်အတွက် ဗီလာရီးယဲလ်အသင်း ခေါ်ယူခဲ့သည့် ဒုတိယမြောက်ကစားသမား ဖြစ်လာခဲ့သည်။

Most Read

Most Recent