၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၌ ပြန်လည်ကျင်းပမည်ဟု အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အတည်ပြု

၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၌ ပြန်လည်ကျင်းပမည်ဟု အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အတည်ပြု
Published 21 August 2017

 

Photo - ညီညီစိုးညွန့်   (၂၉)ကြိမ်မြောက် ဆီးဂိမ်း အားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေသည့် ဖိလစ်ပိုင်အားကစားအဖွဲ့။

အကြိမ် (၃၀) မြောက်ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပတော့မည်မဟုတ်ကြောင်း ကြေညာခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသည် အိမ်ရှင်အဖြစ်ပြန်လည်လက်ခံကျင်းပမည်ဟုသြဂုတ်(၁၉) ရက်ကအတည်ပြုကြေညာခဲ့သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးအဖွဲ့ချုပ်  ကောင်စီ အစည်းအဝေးကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့ရာ ဖိလစ်ပိုင်အိုလံပစ်ကော်မတီဥက္ကဋ္ဌ ဂျို့စ်ကို ဂျူအန်ကိုက အတည်ပြုခဲ့ခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ကျင်းပမည့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပတော့ မည်မဟုတ်ကြောင်း ကြေညာခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသည် အိမ်ရှင်အဖြစ်   ပြန်လည်လက်ခံကျင်းပမည်ဟု သြဂုတ် (၁၉) ရက်က အတည်ပြုကြေညာခဲ့သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးအဖွဲ့ချုပ်  ကောင်စီ အစည်းအဝေးကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့ရာ ဖိလစ်ပိုင်အိုလံပစ်ကော်မတီဥက္ကဋ္ဌ ဂျို့စ်ကို ဂျူအန်ကိုက အတည်ပြုခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင် အိုလံပစ်ကော်မတီသည် မူလက နိုင်ငံ၏ ဘတ်ဂျက်အခြေအနေကြောင့် ဆီးဂိမ်းစ်ပြိုင်ပွဲ အိမ်ရှင် အဖြစ် လက်ခံကျင်းပတော့မည်မဟုတ်ကြောင်း ကြေညာခဲ့ပြီး (၂၉) ကြိမ်မြောက် မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပမည့်ရက်တွင် ကျင်းပသည့် ဆီးဂိမ်းစ်ကောင်စီအစည်းအဝေး၌ ကျင်းပရန် ပြန်လည် အတည်ပြုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင် အိုလံပစ်ကော်မတီဥက္ကဋ္ဌ ဂျို့စ်ကိုဂျူအန်ကိုက''၂၀၁၉ ခုနှစ်မှာ ဆီးဂိမ်းစ် ပြိုင်ပွဲကျင်းပဖို့ ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူတွေနဲ့ သဘောတူညီမှုရထားပါပြီ။ဆီးဂိမ်းစ် ပြိုင်ပွဲအတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေ ဆောင်ရွက်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ နဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာပါ''ဟု ပြော ကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် (၄) ကြိမ်မြောက် လက်ခံကျင်းပခြင်းဖြစ်ပြီး ၁၉၈၁ ခုနှစ် တွင် အိမ်ရှင်အဖြစ် စတင်လက်ခံကျင်းပခဲ့ပြီး ၁၉၉၁၊ ၂၀၀၅ ခုနှစ်တွင် ထပ်မံကျင်းပခဲ့ကာ (၁၄) နှစ်အကြာတွင် တစ်ကျော့ပြန်လက်ခံကျင်းပခွင့်ရခြင်းဖြစ်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပမည့်နိုင်ငံများကို ၂၀၂၅ ခုနှစ် အထိ ထုတ်ပြန်ကြေညာထားပြီး ၂၀၂၁ ခုနှစ် ဗီယက်နမ်၊ ၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယား၊ ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံတို့က လက်ခံကျင်းပမည်ဖြစ်ကာ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့ပါ က ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent