PSG အသင်းတွင် နေမာ ပထမဆုံးဝတ်ဆင်ခဲ့သည့် အင်္ကျီကို ယူရို(၂၄၀၀၀၀)ဖြင့် လေလံတင်ရောင်းချ

PSG အသင်းတွင် နေမာ ပထမဆုံးဝတ်ဆင်ခဲ့သည့် အင်္ကျီကို ယူရို(၂၄၀၀၀၀)ဖြင့် လေလံတင်ရောင်းချ
Published 17 May 2018

Photo: Getty Images

အင်္ဂါနေ့ညက ပြုလုပ်ခဲ့သည့် PSG အသင်း၏ ရန်ပုံငွေလေလံပွဲတွင် ဘရာဇီးလ်တိုက်စစ်မှူး နေမာ PSG အသင်းအတွက် ပထမဆုံးပွဲဦးထွက်ဝတ်ဆင်ခဲ့သည့် အင်္ကျီကို ယူရို(၂၄၀၀၀၀)ဖြင့် လေလံတင်ရောင်းချနိုင်ခဲ့ကြောင်း သိရှိရသည်။

PSG အသင်းသည် ကလေးများနှင့် လူငယ်များကို ကူညီထောက်ပံ့ရန် ၂၀၀၀ ခုနှစ်မှစ၍ လေလံပွဲပြုလုပ်ကာ ရန်ပုံငွေရှာဖွေခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ယူရို(၁)သန်းရရှိခဲ့သည်။

Photo: PSG

ယခုနှစ်တွင် ယူရို(၁.၆၄၅)သန်းရရှိခဲ့ပြီး လေလံကြေးအများဆုံးရရှိခဲ့သည်မှာ ယူရို(၅၅၀၀၀၀)ရရှိခဲ့သော PSG အင်္ကျီဝတ်ဆင်ထားသည့် ကင်းကောင်ရုပ်ဖြစ်ကြောင်းလည်း သိရှိရသည်။

အဆိုပါကင်းကောင်ရုပ်ကို နေမာနှင့် ဘာပေတို့ လေလံအပြိုင်ဆွဲခဲ့ကြပြီး ဘာပေက အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

နေမာသည် ပထမဆုံးဝတ်ဆင်ခဲ့သည့် အဝါရောင် PSG အသင်းအင်္ကျီကို ယူရို(၂၄၀၀၀၀)ဖြင့် ရောင်းချနိုင်ခဲ့သည့်အပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရရှိခဲ့သော ပြင်သစ်လိဂ်အကောင်းဆုံးဆုတံဆိပ်ကိုလည်း ယင်းတန်ဖိုးအတိုင်းပင် လေလံတင်ရောင်းချနိုင်ခဲ့သည်။

 

Most Read

Most Recent