စပိန်လာလီဂါ ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါ ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 24 February 2018

ဆယ်လ်တာဗီဂို နှင့် အီဘာ (၂၄-၂-၂၀၁၈) စနေ ညနေ ၆း၃၀ နာရီ

ဆယ်လ်တာဗီဂိုရဲ့ကစားအားလျော့နေပြီး ခံစစ်ကစားပုံ ကလည်း စိတ်မချရဘူး။ ဒီလိုကစားပုံနဲ့တော့ အီဘာလို ခြေမှန်တဲ့အသင်းကို ထိန်းကစားနိုင်ဖို့ ခက်မယ်ထင်တယ်။ ခြေစွမ်းအရတော့ အီဘာကိုပဲ ကြိုက်တယ်။ ဂိုးများနိုင်တယ်။

ရီးယဲလ်မက်ဒရစ် နှင့် အလာဗတ်စ် (၂၄-၂-၂၀၁၈) စနေ ည ၉း၄၅ နာရီ

အလာဗတ်စ်ကတော့ နည်းပြအဘယ်လာနိုလက်ထဲမှာ ခြေစွမ်းပိုင်းရော၊ စိတ်ဓာတ်ပိုင်းပါ ပြန်အားကောင်းလာနေတယ်။ နောက်ဆုံးကစားခဲ့တဲ့ (၃)ပွဲစလုံး အနိုင်ရထားတဲ့အပြင် ဒီအထဲမှာ ဗီလာရီးယဲလ်လို ခံစစ်မာကျောတဲ့အသင်းကိုတောင် အဝေးကွင်းမှာ အနိုင်ယူထားတာတွေ့ရတယ်။ အဘယ်လာနိုလက်ထက်မှာ တိုက်စစ်ကစားပုံလည်း ပိုတိုးတက်လာနေပြီး ဇန်နဝါရီ (၈)ရက်က အက်သလက်တီကို ကို ရှုံးခဲ့တဲ့ပွဲနောက်ပိုင်း ဂိုးမသွင်းနိုင်တဲ့ပွဲမရှိခဲ့ဘူး။ ရီးယဲလ်မက်ဒရစ်ကလည်း တိုက်စစ်က ပြန်မြိုင်ဆိုင်လာသလောက် ခံစစ်က ဂိုးတွေပေးနေရတုန်းပဲ။ တိုက်စစ်ပိုင်းမှာ စီရော်နယ်လ်ဒို၊ အဆန်စီယိုတို့ ခြေစွမ်းပြဂိုးတွေ ရနေကြလို့ အခုအလာဗတ်စ်နဲ့ပွဲမှာ ဂိုးရဖို့သိပ်စိတ်မပူရလောက်ပါဘူး။ ဒီတော့ မတည်ငြိမ်သေးတဲ့ခံစစ်က အလာဗတ်စ်တိုက်စစ်ကို ဘယ်လောက်ထိန်းထားနိုင်မလဲဆိုတာပဲ စောင့်ကြည့်ရမလိုဖြစ်နေတယ်။ ဒါ့အပြင် လာလီဂါပထမအကျော့ ရီးယဲလ်မက်ဒရစ်နဲ့ပွဲမှာမှ ဂိုးစသွင်းနိုင်တဲ့အသင်းဖြစ်လို့ ရီးယဲလ်ခံစစ်ကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ နားလည်နေနိုင်တယ်။ ဒါကြောင့် ဒီပွဲကတော့ ဂိုးတွေအပြိုင်အဆိုင်သွင်းကြဦးမယ့်ပွဲပါပဲ။ ရီးယဲလ်နဲ့ ဂိုးအများကိုပဲ ရွေးထားရမယ့်ပွဲဖြစ်နေတယ်။

လီဟာနက်စ် နှင့် လက်စ်ပါမားစ် (၂၄-၂-၂၀၁၈) စနေ ည ၁၂း၀၀ နာရီ

ဘုရင့်ဖလားက ထွက်လိုက်ရပြီးနောက် လာလီဂါမှာ အထက်မရောက်၊ အောက်မရောက်ဖြစ်နေတဲ့ လီဟာနက်စ်ကို သတိထားရတော့မယ်။ အခုရင်ဆိုင်ရမယ့် လက်စ်ပါမားစ်ကလည်း ခြေစွမ်းပိုင်းအားမကောင်းပေမယ့် တန်းမဆင်းရဖို့အမှတ် ရှာနေတဲ့အသင်းဖြစ်လို့ လီဟာနက်စ်ဆီကအမှတ်ခွဲယူဖို့ အစွမ်း ကုန်ကစားမှာသေချာတယ်။ ဂိုးနည်းသရေပွဲပဲမှန်းထားချင်တယ်။

ဘာစီလိုနာ နှင့် ဟီရိုနာ (၂၅-၂-၂၀၁၈) တနင်္ဂနွေ နံနက် ၂း၁၅ နာရီ

ဟီရိုနာရဲ့အဝေးကွင်းကစားပုံက အညံ့ကြီးမဟုတ်တဲ့အပြင် ဘာစီလိုနာကလည်း ချယ်လ်ဆီးနဲ့ ချန်ပီယံလိဂ်ပွဲ ကစားထားရတာက ရှိနေသေးတယ်။ ဘာစီလိုနာ အနိုင်ကစားမှာ သေချာပေမယ့် သွင်းဂိုးတော့ သိပ်မမျှော်လင့်သင့်တဲ့ပွဲမျိုးပါပဲ။

Most Read

Most Recent