Ballon d'Or ဆုကို စီရော်နယ်လ်ဒို (၅)ကြိမ်မြောက် ဆွတ်ခူး

Ballon d'Or ဆုကို စီရော်နယ်လ်ဒို (၅)ကြိမ်မြောက် ဆွတ်ခူး
Published 8 December 2017

Photo : AFP

ရီးယဲလ်အသင်း၏ ပေါ်တူဂီတိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုသည် ၂၀၁၇ ခုနှစ် Ballon d'Or ဆုကို ကြိုတင်ရေပန်းစားခဲ့သည့်အတိုင်း ဆွတ်ခူးခဲ့ကြောင်း သိရှိရသည်။

စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်ရာသီက ရီးယဲလ်အသင်း ချန်ပီယံလိဂ်နှင့် လာလီဂါချန်ပီယံဆုများ ရရှိခဲ့ရာတွင် အဓိကနေရာမှ ပါဝင်ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ပြိုင်ဘက်များကို အသာစီးရယူနိုင်ခဲ့ပြီး Ballon d'Or ဆုကို (၅)ကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

Ballon d'Or ဆုမှာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ကြီးမှူးချီးမြှင့်သည့်ဆုဖြစ်ပြီး  ၂၀၀၈ ခု နှစ်မှစ၍ စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့ နှစ်ဦးတည်းသာ အပြိုင်လုနေရသည့်အခြေအနေ ဖြစ်ခဲ့သည်။

Photo: Daily Mail

ယင်းကာလအတွင်း မက်ဆီက Ballon d'Or ဆု (၅)ကြိမ်ရယူကာ ဦးဆောင်နေခဲ့ပြီး ယခု စီရော်နယ်လ်ဒိုက မက်ဆီ၏စံချိန်ကို အမီလိုက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ပြုလုပ်ခဲ့သည့် အဆိုပါဆုချီးမြှင့်ပွဲသို့ စီရော်နယ်လ်ဒိုသည် မိသားစုများနှင့်အတူ သီးသန့်ဂျက်လေယာဉ် ဖြင့် သွားရောက်ခဲ့ကြောင်းလည်း သိရှိရသည်။

စီရော်နယ်လ်ဒိုသည် Ballon d'Or ဆုကို ၂၀၀၈၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တို့ တွင် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဆုချီးမြှင့်ပွဲတွင်  နှစ်တိုင်းရယူနိုင်ရန် မျှော်လင့်ထားသည့် ဆုဖြစ်၍ ပျော်ရွှင်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent