ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်
Published 25 November 2017

ချယ်လ်ဆီးတောင်ပံကစားသမား ဝီလီယံကို တားဆီးရန်ကြိုးပမ်းနေသည့် လီဗာပူးလ်အသင်းနောက်ခံလူ လိုဗရန် Photo: AFP

ခရစ္စတယ်ပဲလေ့စ် နှင့် စတုတ်စီးတီး (စနေည ၉း၃၀ နာရီ)

ပဲလေ့စ်သွားနေတဲ့ လမ်းကြောင်းက တန်းဆင်းဖို့အတွက် ဦးတည်သလိုဖြစ်နေတယ်။ ပွဲကျပ်ကာလတွေမှာ အောက်အ သင်းတွေရဲ့ ရလဒ်တွေက ကမောက်ကမဖြစ်နေကျဖြစ်ပြီး ဒီအ ချိန်မှာ အခွင့်အရေးယူသင့်တယ်။ စတုတ်ကလည်း အဝေးကွင်း သိပ်မစွံပါဘူး။ ပဲလေ့စ် နိုင်ပွဲရသင့်ပြီ။

မန်ယူ နှင့် ဘရိုက်တန် (စနေည ၉း၃၀ နာရီ)

မန်ယူက နယူးကာဆယ်ကို ဂိုးပြတ်အနိုင်ရခဲ့ပြီးတော့ အိမ် ကွင်းပွဲစဉ်မှာပဲ ဆက်ကစားရမယ်။ လူပြန်စုံလာတဲ့အချိန်မှာ အိမ် ကွင်းပွဲတွေဆက်တိုက်ကစားရတာက အသင်းကို အရှိန်ပိုတင် ပေးနေသလိုဖြစ်စေလိမ့်မယ်။ ဘရိုက်တန်ကို အခက်အခဲမရှိအ နိုင်ယူမှာပါ။ ဂိုးပြတ်သွင်းဦးမယ်။

နယူးကာဆယ် နှင့် ဝက်ဖို့ဒ် (စနေည ၉း၃၀ နာရီ)

နှစ်သင်းစလုံးအတွက် ခက်ခဲတဲ့ပွဲပါ။ ရလဒ်တွေဆိုးနေကြ ပေမယ့် ဝက်ဖို့ဒ်ကတော့ နိုင်ပွဲပြန်ရသွားပြီ။ လက်ရှိအချိန်မှာ ခြေမျှသလို၊ ရပ်တည်မှုလည်း သိပ်မကွာဘူး။ ဒါပေမဲ့ ဝက်ဖို့ဒ်ရဲ့ ခြေစွမ်းက ပိုကောင်းတယ်။ နယူးကာဆယ်က အိမ်ရှင်အားသာ ချက်ရှိတယ်။ သရေကျဖို့ပဲ များတယ်။

ဆွမ်ဆီး နှင့် ဘုန်းမောက် (စနေည ၉း၃၀ နာရီ)

ဆွမ်ဆီးရဲ့လူစာရင်းက မဆိုးပါဘူး။ ဒါပေမဲ့ ခြေစွမ်းက မငြိမ် ဘူး။ ရလဒ်ကလည်း ခြေစွမ်းကောင်းနေရင်တောင် တိုက်စစ်က ဂိုးမသွင်းနိုင်တာနဲ့ပဲ ရှုံးပွဲတွေ၊ သရေပွဲတွေဖြစ်နေတတ်တယ်။ ဘုန်းမောက်က သိသိသာသာခြေတက်လာပြီး အဝေးကွင်းမှာပါ ရလဒ်တွေကောင်းလာတယ်။ ဘုန်းမောက်ကိုပဲကြိုက်တယ်။

စပါး နှင့် ဝက်စ်ဘရွန်း (စနေည ၉း၃၀ နာရီ)

စပါးက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်ကို ရှုံးခဲ့ တယ်။ ဒီပွဲမတိုင်ခင် နောက်ဆုံးအဝေးကွင်းပွဲမှာလည်း မန်ယူကို ရှုံးထားတယ်။ ဒါပေမဲ့ အိမ်ကွင်းရလဒ်တွေကတော့ အရမ်းကောင်း နေတယ်။ ရှုံးတဲ့ပွဲတွေကလည်း ရှုံးသင့်လို့ ရှုံးတာဖြစ်ပြီး ဒီပွဲက တော့ အခက်အခဲမရှိအနိုင်ရလိမ့်မယ်။

လီဗာပူးလ် နှင့် ချယ်လ်ဆီး (စနေည ၁၂း၀၀ နာရီ)

ဒီပွဲမှာ ထူးထူးခြားခြားသတိပြုရစရာကစားသမားကတော့ ဆာလာပါ။ ချယ်လ်ဆီးအသင်းမှာ အသုံးမဝင်ခဲ့သူတစ်ဦးဖြစ် ခဲ့ပြီးမှ ရိုးမားမှာ ခြေစွမ်းပြခဲ့ပြီး လီဗာပူးလ်ကို ပြန်ရောက်လာတယ်။ ဒီပွဲကတော့ ချယ်လ်ဆီးကနေ ထွက်ခွာလာခဲ့ပြီးကတည်း က ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်အသွင် ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ရတဲ့ပွဲဖြစ်တယ်။ ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး (၁၄)ဂိုး အထိ သွင်းယူထားပြီး၊ လက်ရှိ ပရီးမီးယားလိဂ်ကစားသမားအားလုံးထဲမှာ ဟာရီကိန်းနဲ့အတူ သွင်းဂိုးအများဆုံးရရှိထားတဲ့သူ အဖြစ်လည်း ရပ်တည်နေတယ်။ ချယ်လ်ဆီးကတော့ လက်ရှိအချိန်မှာ ပုံစံကောင်းပြန်ရနေပြီး၊ ဝက်ဖို့ဒ်၊ ဘုန်းမောက်၊ မန်ယူ၊ ဝက်စ်ဘရွန်းတို့ကို ဆက်တိုက်နိုင်ထားတာကိုတွေ့ရတယ်။ နောက်ဆုံး (၃)ပွဲဆက်တိုက် clean sheet ရထားပြီး ခရစ္စတန်ဆန် က ဒေးဗစ်လူးဝစ်ဇ်နေရာမှာ ပုံမှန်ပွဲထွက်ခွင့်ရနေတာတွေ့ရတယ်။ ချယ်လ်ဆီးခံစစ်က ပုံစံကောင်းပြနေပေမယ့် ခံစစ်ထက် ကွင်းလယ်ကစားသမားတွေရဲ့အကာအကွယ်ပေးနိုင်မှုကြောင့် ပိုကောင်းနေတယ်လို့ ပြောလို့ရတယ်။ တိုက်စစ်မှာ ဟာဇက် ခြေစွမ်းပြနေပြီး မိုရာတာကလည်း ဂိုးပေါက်ပြန်တွေ့နေတယ်။ လူပြန်စုံနေတဲ့ လီဗာပူးလ်တိုက်စစ်ကို ချယ်လ်ဆီးခံစစ်က ခက် ခက်ခဲခဲထိန်းချုပ်ရမှာဖြစ်ပြီး အိမ်ကွင်းလည်းဖြစ်နေလို့ လီဗာပူးလ်သာပါတယ်။ လီဗာပူးလ် သရေနဲ့ အနိုင်ပဲ။

Most Read

Most Recent