ရွှေ့ဆိုင်းထားရသည့် မြောက်ကိုရီးယားနှင့် မလေးရှားပွဲကို ပြုံးယမ်းတွင် ပြန်ကစားဖွယ်ရှိ

ရွှေ့ဆိုင်းထားရသည့် မြောက်ကိုရီးယားနှင့် မလေးရှားပွဲကို ပြုံးယမ်းတွင် ပြန်ကစားဖွယ်ရှိ
Published 21 September 2017

 

ပြီးခဲ့သည့်မတ်လအတွင်းကစားရန် စီစဉ်ထားသော်လည်း မလေးရှားနိုင်ငံတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်၏ အစ်ကိုအကြီးဆုံး ကင်မ်ဂျုံနန်
လုပ်ကြံခံခဲ့ရသဖြင့် ရွှေ့ဆိုင်းထားခဲ့ရသော မြောက်ကိုရီးယားနှင့် မလေးရှားပွဲကို လာမည့်အောက်တိုဘာလအတွင်း၌ မြောက်ကိုရီးယားနိုင်ငံ၊ ပြုံးယမ်းမြို့တွင်
ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဝင်ဆောဂျွန်က လာမည့်အောက်တိုဘာ (၅)ရက်၌ ကစားသွားရန် ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ
ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း AFP သို့ ပြောကြားခဲ့သည်။
ကင်မ်ဂျုံနန် လုပ်ကြံခံခဲ့ရပြီးနောက် မြောက်ကိုရီးယားနှင့် မလေးရှားနိုင်ငံကြား ဆက်ဆံရေးအေးခဲနေသေးသော်လည်း ပွဲကစားရန် အာရှဘောလုံးအဖွဲ့ချုပ်က
ခွင့်ပြုခဲ့ခြင်းသည် စိုးရိမ်စရာအခြေအနေများကို ဖြစ်ပေါ်စေနိုင်ကြောင်း သုံးသပ်နေကြသည်။

သို့သော် မလေးရှားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တန်ကူအစ္စမေးလ်က မြောက်ကိုရီးယားသံတမန် ကင်မ်ယူဆောင်းနှင့် မလေးရှားနိုင်ငံတွင် ဆုံတွေ့ခဲ့ပြီး
မလေးရှားအသင်းကစားသမား၊ နည်းပြနှင့် အသင်းတာဝန်ရှိသူများ၏ လုံခြုံရေးအခြေအနေအတွက် အာမခံချက်ပေးရန် ညှိနှိုင်းခဲ့ရာ အဆင်ပြေချောမွေ့ခဲ့ကြောင်း ၎င်း၏ Facebook တွင် ရေးသားခဲ့သည်။
ကင်မ်ဂျုံနန်ကို လုပ်ကြံခဲ့သည်ဟူ စွဲချက်တင်ထားခံရသည့် အမျိုးသမီးနှစ်ဦးကို မြောက်ကိုရီးယားနှင့် မလေးရှားပွဲ မကစားမီ အောက်တိုဘာ (၂)ရက်၌
ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent