ကိုလုံးနှင့်ပွဲတွင် ပထမကစားသမားအများအပြားကို အာစင်ဝင်းဂါး အနားပေးဖွယ်ရှိ

ကိုလုံးနှင့်ပွဲတွင် ပထမကစားသမားအများအပြားကို အာစင်ဝင်းဂါး အနားပေးဖွယ်ရှိ
Published 14 September 2017

Photo: Reuters

အာဆင်နယ်အသင်းသည် ယနေ့ည ယှဉ်ပြိုင်ကစားမည့် ကိုလုံးအသင်းနှင့် ယူရိုပါလိဂ်ပွဲစဉ်တွင် ပထမကစားသမားအများအပြားကို အနားပေးဖွယ်ရှိကြောင်း သိရှိရသည်။

အာဆင်နယ်အသင်းသည် ယူရိုပါလိဂ်ပြိုင်ပွဲကို ၂၀၀၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်ပြီး ကိုလုံးအသင်းနှင့်လည်း ဥရောပအဆင့်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဆုံတွေ့ခြင်းဖြစ်သည်။

ယူရိုပါလိဂ်ချန်ပီယံအသင်းသည် လာမည့်ရာသီ၌ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ရရှိမည်ဖြစ်သော်လည်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပရီးမီးယားလိဂ်ထိပ်ဆုံး(၄)သင်းစာရင်းဝင်အဖြစ်သာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် ကြိုးပမ်းသွားမည်ဟု ဆိုခဲ့သည်။

ထို့ကြောင့် ချယ်လ်ဆီးအသင်းနှင့် ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပထမကစားသမားအများအပြားကို အနားပေးထားဖွယ်ရှိနေပြီး ပီတာချက်၊ ကိုစီယဲလ်နီ၊ ရမ်ဆေး၊ အိုဇေးလ်၊ ချာကာ၊ ဝဲလ်ဘက်၊ လာကာဇက် စသည့်ကစားသမားများကို လူစာရင်းတွင် ထည့်သွင်းထားခြင်းမရှိကြောင်းလည်း သိရှိရသည်။

အာစင်ဝင်းဂါးသည် အလက်ဆစ်ဆန်းချက်ဇ်နှင့် ဂျရူးတို့ကို ပွဲထုတ်ဖွယ်ရှိနေပြီး ဝဲလ်ရှိုင်းယားကိုလည်း အသုံးပြုသွားဖွယ်ရှိကြောင်း BBC က ဖော်ပြခဲ့သည်။

Most Read

Most Recent