သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးနေခြင်းကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးရန်အဆို အမျိုးသားလွှတ်တော် အတည်ပြု

သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးနေခြင်းကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးရန်အဆို အမျိုးသားလွှတ်တော် အတည်ပြု
Published 16 February 2018

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးနေခြင်းကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးရန်အဆို အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။ ယင်းအဆိုနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၄ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ပြန်လည် ရှင်းလင်းခြင်းများပြုလုပ်ကာ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူများသည့်အတွက် အတည်ပြုခဲ့ခြင်းဖြစ်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက “သတ္တုကဏ္ဍအနေနဲ့ ဓာတ်သတ္တု သယံဇာတတွေကို သားစဉ်မြေးဆက်တူး ဖော်ထုတ်လုပ်နိုင်ရေးအတွက် ဧရိယာများ ထားရှိခြင်း၊ ဓာတ်သတ္တုသယံဇာတများကို ခေတ်မီနည်းပညာဖြင့် လေလွင့်ဆုံးရှုံးမှု အနည်းဆုံးနဲ့ ကုန်ချောအဆင့်အထိ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ဖို့၊ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်ဖို့၊ သားစဉ်မြေးဆက် အကျိုးရှိစေမယ့် တာဝန်ယူ၊ တာဝန်ခံမှု အပြည့်အဝရှိတဲ့ သယံဇာတတူးဖော်သုံးစွဲမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သွားဖို့၊ လူမှုစီးပွားဘဝထိခိုက်မှု၊ သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုမရှိစေဖို့အတွက် ဓာတ်သတ္တု ကဏ္ဍစဉ်ဆက်မပြတ်ဖွံ့ဖြိုးစေဖို့ ရည်မှန်းချက် တွေချမှတ်ကာ ကျောက်မျက်ရတနာတွေနဲ့တွင်းထွက်သယံဇာတတွေကို အကန့်အသတ် နဲ့ရေရှည်စနစ်တကျ တူးဖော် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် သစ်တော သယံဇာတများ အဓွန့်ရှည်ကြာစွာ တည်တံ့စေ ရန်နှင့်နောင်သားစဉ်မြေးဆက် သစ်တော သယံဇာတများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲ နိုင်ရန်အတွက် ဘက်ပေါင်းစုံမှ ထိန်းသိမ်းကာ ကွယ်စောင့်ရှောက်ရန် လိုအပ်ကြောင်း၊ ဝန် ကြီးဌာနအနေဖြင့် ထိန်းသိမ်းစောင့်ရှောက်မှု များဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ယင်းအဆိုနှင့်ပတ်သက်၍ ပြည်ထောင် စုဝန်ကြီးက မှတ်တမ်းတင်ရန်ပြောကြားခဲ့ သော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူ ဦးရေများသည့်အတွက် အဆိုအား အမျိုးသား လွှတ်တော်က အတည်ပြုခဲ့သည်။

အဆိုတင်သွင်းသူဦးဖေချစ်က “မြန်မာ နိုင်ငံမှာရှိတဲ့ သဘာဝသယံဇာတတွေ၊ သတ္တု တွင်းထွက်တွေဟာ တဖြည်းဖြည်းကုန်ဆုံး နည်းပါးလာနေတဲ့အတွက် ယနေ့ခေတ်လို အချိန်ကနေ စတင် မကာကွယ် မတားဆီးပါက နောက်လာမယ့်မျိုးဆက်တွေ သယံဇာတ ကျိန်စာသင့်နိုင်တဲ့အတွက် အဆိုကို အမျိုး သားလွှတ်တော်မှာ အတည်ပြုနိုင်ခဲ့တဲ့အတွက် ပြည်ထောင်စုအစိုးရက အဆိုအပေါ် ဆောင် ရွက်မှုတွေကို စောင့်ကြည့်သွားမှာပ” ဟု သတင်းထောက်များအား ပြောကြားသည်။