ကမ္ဘာ့ရွှေဈေး ၁၂၆၂ ဒေါ်လာအထိ ထိုးဆင်းပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၄၆၀၀ ဝန်းကျင်ရှိနေ

ကမ္ဘာ့ရွှေဈေး ၁၂၆၂ ဒေါ်လာအထိ ထိုးဆင်းပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၄၆၀၀ ဝန်းကျင်ရှိနေ
Published 22 June 2018

ကမ္ဘာ့ရွှေဈေးသည် ဇွန် ၂၁ ရက်တွင် ၁၂၆၂ ဒေါ်လာအထိ ထိုးဆင်းပြီး ပြည်တွင်း ရွှေဈေးနှုန်းကျပ် ၉၃၄၆၀၀ ဝန်းကျင်ရှိနေကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှစတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ၉၂၂၁၀၀ အထိ၊ ဒီဇင်ဘာ ၁၉ ရက်တွင် ၉၁၇၇၀၀ အထိ ကျဆင်းခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇၀၀၀၊ ဇန်နဝါရီ ၉ ရက်တွင် ၉၃၈၀၀၀ ဝန်းကျင် ဖြစ်ပေါ်နေသော ရွှေဈေးသည် ဇန်နဝါရီ ၂၅ ရက်တွင် ၉၅၅၇၀၀ အထိ မြင့်တက်ခဲ့ကာ ဖေဖော်ဝါရီ ၁၅ ရက်တွင် ၉၄၄၆၀၀၊ မတ် ၇ ရက်တွင် ၉၄၁၂၀၀၊ မတ် ၃၁ ရက်တွင် ၉၃၉၅၀၀၊ ဧပြီ ၁၉ ရက်တွင် ၉၄၈၄၀၀၊ မေ ၉ ရက်တွင် ကျပ် ၉၃၈၀၀၀၊ မေ ၃၁ ရက်တွင် ကျပ် ၉၃၄၇၀၀၊ ဇွန် ၆ ရက်တွင် ၉၃၂၉၀၀၊ ဇွန် ၂၁ ရက်တွင် ကျပ် ၉၃၄၆၀၀ ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်သုံးလက ရွှေဈေးကို ပြန်ကြည့်ပါက မတ်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်းကျပ် ၉၃၅၉၀၀ (မတ် ၁ ရက်)၊ အမြင့်ဆုံးဈေးနှုန်းကျပ် ၉၄၇၅၀၀ (မတ် ၂၅ ရက်)၊ ဧပြီလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်းကျပ် ၉၃၉၉၀၀ (ဧပြီ ၁ ရက်)၊ အမြင့်ဆုံးနှုန်းကျပ် ၉၄၈၄၀၀ (ဧပြီ ၁၉ ရက်)၊ မေလအတွင်း ပြည်တွင်းရွှေဈေးနှုန်း အနိမ့်ဆုံးနှုန်းကျပ် ၉၃၁၈၀၀ (မေ ၂၁ ရက်)၊ အမြင့်ဆုံးနှုန်းကျပ် ၉၄၂၂၀၀ (မေ ၁ ရက်) တို့ဖြစ် သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ၂၀၁၇ ခုနှစ်ဧပြီလမှစ၍ အတက်အဆင်းကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်အထိ ကွာခြားခဲ့သည်။ လအလိုက် ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံး ကမ္ဘာ့ရွှေဈေးနှုန်းများမှာ ဒီဇင်ဘာတွင် ၁၂၃၈-၁၃၀၆ ဒေါ်လာ၊ ဇန်နဝါရီတွင် ၁၃၁၀-၁၃၆၄ ဒေါ်လာ၊ ဖေဖော်ဝါရီတွင် ၁၃၁၇-၁၃၄၇ ဒေါ်လာ၊ မတ်တွင် ၁၃၁၂-၁၃၅၅ ဒေါ်လာ၊ ဧပြီတွင် ၁၃၂၃-၁၃၅၄ ဖြစ်ပေါ်ခဲ့ပြီး ကွာဟချက်ဒေါ်လာ ၃၀ ဝန်းကျင်မှ ၇၀ ကျော်အထိ ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ဇွန် ၁၅ ရက်တွင် ၁၂၇၄ ဒေါ်လာ၊ ဇွန် ၂၁ ရက်တွင် ၁၂၆၂ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

Most Read