မြေပြိုကျမှုများ ဖြစ်ပွားခဲ့သည့် ဆံတော်ရှင် ကျိုက်သလ္လံ စေတီတော်သို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် လာရောက်ကြည့်ရှု

မြေပြိုကျမှုများ ဖြစ်ပွားခဲ့သည့် ဆံတော်ရှင် ကျိုက်သလ္လံ စေတီတော်သို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် လာရောက်ကြည့်ရှု
Published 19 June 2018

ဓာတ်ပုံ - ဘိုဘိုမြင့်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့သည် ဇွန်လ (၁၉) ရက် နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်ခန့်က လွန်ခဲ့သည့် နှစ်ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည့် မော်လမြိုင်မြို့ တောင်ရိုးတန်းရှိ ဆံတော်ရှင် ကျိုက်သလ္လံ စေတီတော်သို့ လာရောက် ကြည့်ရှုခဲ့သည်။

ဓာတ်ပုံ - ဘိုဘိုမြင့်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ တပ်မတော် အရာရှိကြီးများ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလာခဲ့သည့် ဇွန်လ ၁၇ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျိုက်သလ္လံစေတီတော် အနောက်ဘက် စောင်းတန်းအနီး မြေပြိုမှုနှင့် အရှေ့ဘက် စောင်းတန်းအနီး မြေပြိုကျ ပျက်ဆီးနေမှုများအား လိုက်လံကြည့်ရှုခဲ့ပြီးနောက် ပျက်ဆီးမှုများအား ပြန်လည် ပြုပြင်နိုင်ရန်အတွက် တပ်မတော်မိသားစုများ လှူဒါန်းငွေ ကျပ်သိန်း (၈၀) ကျော်နှင့် ဘိလပ်မြေအိတ် (၁၀၀၀) အား ကျိုက်သလ္လံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံ လှူဒါန်းခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ သည် မွန်ပြည်နယ် ရေးမြို့သို့ ဆက်လက်ထွက်ခွာ သွားကြောင်း သိရသည်။