မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အမည်ဖြင့် နေပြည်တော်ရုံးခွဲနှင့် မန္တလေးရုံးခွဲများမှလွဲ၍ အခြားမြို့နယ်များတွင် ရုံးခွဲများဖွင့်လှစ်ထားရှိခြင်း မရှိသေးကြောင်းနှင့် မည်သည့်ပုဂ္ဂိုလ်ကိုမျှ ကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခြင်းမရှိကြောင်း ကော်မရှင် အသိပေးကြေညာ

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အမည်ဖြင့် နေပြည်တော်ရုံးခွဲနှင့် မန္တလေးရုံးခွဲများမှလွဲ၍ အခြားမြို့နယ်များတွင် ရုံးခွဲများဖွင့်လှစ်ထားရှိခြင်း မရှိသေးကြောင်းနှင့် မည်သည့်ပုဂ္ဂိုလ်ကိုမျှ ကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခြင်းမရှိကြောင်း ကော်မရှင် အသိပေးကြေညာ
Published 30 December 2017

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အမည်ဖြင့် နေပြည်တော်ရုံးခွဲနှင့် မန္တလေးရုံးခွဲများမှလွဲ၍ အခြားမြို့နယ်များတွင် ရုံးခွဲများ ဖွင့်လှစ်ထားရှိခြင်း မရှိသေးကြောင်းနှင့် မည်သည့်ပုဂ္ဂိုလ်ကိုမျှ ကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခြင်းမရှိကြောင်း  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဒီဇင်ဘာ ၂၉ ရက်တွင် အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။

နိုင်ငံသားများအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့်ပတ်သက်၍ အသိပေးတိုင်ကြားလိုပါက အဆိုပါရုံးခွဲများနှင့်  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ရန်ကုန်ရုံးချုပ်သို့ တိုက်ရိုက်ပေးပို့တိုင် ကြားနိုင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးချုပ်ကို အမှတ် (၂၇) ပြည်လမ်း၊ ၆ မိုင်ခွဲ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားပြီး အဆိုပါရန်ကုန်ရုံးချုပ်ထံ တိုက်ရိုက်တိုင်ကြားမှုများပြုလုပ်နိုင်ကြောင်း သိရသည်။

ထို့ပြင် နေပြည်တော်ရုံးခွဲအား နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ကောင်စီဝင်းအတွင်း ဒက္ခိဏခရိုင်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝင်းအတွင်းတွင် ဖွင့်လှစ်ထားပြီး နေပြည်တော် ရုံးခွဲတာဝန်ခံ ဒေါ်ဇူးဇူးရတနာဆွေ ဖုန်းနံပါတ် (၀၉-၄၃၁၀၉၀၅၆) ထံ ဆက်သွယ်နိုင် ကြောင်း၊ မန္တလေးရုံးခွဲအား မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်ရှိ (၁၉)လမ်း၊ နန်းတော်ရှေ့ဈေးအပေါ်ထပ်၊ ဒေါနဘွားရပ်ကွက်တွင် ဖွင့်လှစ်ထားပြီး ရုံးခွဲတာဝန်ခံ ဒေါ်နှင်းယုယုအောင် ဖုန်းနံပါတ် (၀၉- ၅၃၄၃၆၅၀)ထံဆက်သွယ်၍ အကြောင်းကြားနိုင်ကြောင်း သိရသည်။

နိုင်ငံသားတစ်ဦးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးကို ဖောက်ဖျက်ခံရခြင်း၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခွင့်အရေးများ ဖောက်ဖျက်ခံရခြင်း၊ နိုင်ငံတော်က ပါဝင်ချုပ်ဆိုထားသည့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေး သဘောတူစာချုပ် (CEDAW) ၊ ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ သဘောတူစာချုပ် (CRC)   ၊ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (CRPD) ပါ လူ့အခွင့်အရေးများကို ဖောက်ဖျက်ခြင်းခံရပါက ဖောက်ဖျက်ခြင်းခံရသူ ကိုယ်တိုင်အတွက် သော်လည်းကောင်း၊ အခြားသူတစ်ဦးအတွက် သော်လည်းကောင်း  လူတစ်စုကို ကိုယ်စားပြုဖော်ပြု၍သော်လည်း ကောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားနိုင်ကြောင်းလည်း  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော် မရှင်က ကြေညာချက်ထုတ်ပြန်ထားသည်။

“CRC လို့ခေါ်တဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဆုံးရှုံးတယ်ဆိုရင်လည်း တိုင်လို့ရပါတယ်။ CEDAW လို့ခေါ်တဲ့ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုတွေရှိတယ် ဆိုရင်လည်း တိုင်လို့ရပါတယ်။ နောက်ပြီး တော့ လူ့အခွင့်အရေးကြေညာစာတမ်းထဲမှာ ပါတဲ့အချက်တွေပေါ့ မတရားညှဉ်းပန်းနှိပ် စက်တာတို့၊ ချုပ်နှောင်တာတို့ မမျှတတဲ့ လုပ်ခပေးတာတို့ စသည်အားဖြင့်ပေါ့။ လူ့အခွင့်အရေးကြေညာစာတမ်းထဲမှာ ပါတဲ့ အချက်တွေ ရသင့်ရထိုက်တာတွေ မရတာတွေရှိရင်ပေါ့။ နောက်တစ်ခါ နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးတာတွေ ဒါမျိုးတွေဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဆီကို အကျိုးအကြောင်းဖော်ပြပြီးတော့ အချက်အလက် အထောက်အထားနဲ့ တိုင်ကြားလို့ရပါတယ်” ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင်အောင်က ပြောကြားသည်။

တိုင်ကြားလိုသူများသည် အမည်၊ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ၊ နေရပ်လိပ်စာနှင့် ဆက်သွယ်ရန် လိပ်စာအပြည့်အစုံ (ဆက်သွယ်ရန် ဖုန်း။ လက်ကိုင်ဖုန်း၊ ဖက်စ်နှင့်  Email များရှိပါက ထည့်သွင်းဖော်ပြပေးရန်)နှင့် တိုင်တန်းသူသည် မည်ကဲ့သို့ မူလအခွင့် အရေး ဖောက်ဖျက်ခံရကြောင်း၊ အချက်အလက်များဖြင့် အမှုနှင့်သက်ဆိုင်သော အထောက်အထားများ ပူးတွဲလျက် ပြည့်စုံစွာ ဖော်ပြရန်လိုအပ်ကြောင်း၊ တိုင်တန်းဖော်ပြချက်သည် မှန်ကန်စွာ ရေးသားဖော်ပြခြင်းဖြစ်ကြောင်း ဝန်ခံချက် လက်မှတ်ရေးထိုးရန် စသည်တို့ ပြည့်စုံစွာဖော်ပြ၍ တိုင်ကြားနိုင်ကြောင်း သိရသည်။

“ကျွန်တော်တို့ ပြည်သူတွေအများစုက ကိုယ့်ကိုယ်ကိုယ် လူ့အခွင့်အရေးချိုးဖောက် ခံနေရပါလားဆိုတာကို သိပ်နားမလည်ကြဘူး။ နောက် လူ့အခွင့်အရေးကို ချိုးဖောက်တဲ့သူကလည်း ငါဒီလိုလုပ်လိုက်ရင် လူ့အခွင့်အရေး ချိုးဖောက်ရာကျနေမလားဆိုတာတွေကို မသိကြတာများတယ်။ အဲဒီတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့လည်း နိုင်ငံအနှံ့ဟော ပြောမှုတွေ အသိပညာပေးမှုတွေတော့ လုပ်နေပါတယ်။ နေရာအစုံတော့ မနှံ့စပ်သေး ဘူးပေါ့။ နေရာစုံအောင်လည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်”ဟု ၎င်းက ဆိုသည်။

ကော်မရှင်အနေဖြင့်လည်း တိုင်တန်းချက်များကို စိစစ်ရာတွင် လိုအပ်ပါက တိုင်တန်းသူအား ခေါ်ယူတွေ့ဆုံမေးမြန်းမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent