ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ တရားလိုပြ သက်သေအဖြစ် စီအိုင်ဒီမှ ရဲအုပ်နှင့် ဇေယျာဖြိုးထံမှ ငွေချေးဖူးသူအား စစ်ဆေးဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ တရားလိုပြ သက်သေအဖြစ် စီအိုင်ဒီမှ ရဲအုပ်နှင့် ဇေယျာဖြိုးထံမှ ငွေချေးဖူးသူအား စစ်ဆေး

ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ တရားလိုပြ သက်သေအဖြစ် စီအိုင်ဒီမှ ရဲအုပ်နှင့် ဇေယျာဖြိုးထံမှ ငွေချေးဖူးသူအား စစ်ဆေးဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ တရားလိုပြ သက်သေအဖြစ် စီအိုင်ဒီမှ ရဲအုပ်နှင့် ဇေယျာဖြိုးထံမှ ငွေချေးဖူးသူအား စစ်ဆေး
Published 23 December 2017

ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ကြည်လင်း အပါအဝင် ငါးဦးကို ရုံးထုတ်လာစဉ်

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သည့် ကြည်လင်း အပါအဝင် အမှုနှင့် ဆက်စပ်သူများဖြစ်သည့် အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ လေးဦးအား ဒီဇင်ဘာ ၂၂  ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တရားရုံး၌ ဆက်လက် ရုံးထုတ်ခဲ့သည်။

ထိုနေ့ရုံးချိန်းတွင် အမှုနှင့် ပတ်သက်၍ တရားလိုပြသက်သေများအဖြစ် စီအိုင်ဒီမှ ရဲအုပ်နှင့် ဇေယျာလင်းထံမှ ငွေချေးယူဖူးသူ ဦးတင်ထွန်းအောင်အား စစ်ဆေးခဲ့ကြောင်း သိရသည်။

စီအိုင်ဒီမှ ရဲအုပ်မှာ နည်းပညာ ကျွမ်းကျင်သူဖြစ်ပြီး ဦးတင်ထွန်းအောင်မှာ ဇေယျာဖြိုးထံမှ ငွေချေးငှားဖူးသူ ဖြစ်ကြောင်း တရားလိုဘက်မှ ရှေ့နေများက ပြောကြားသည်။

“ပြီးခဲ့တဲ့အပတ်က စီအိုင်ဒီက ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင် ရဲအုပ်ဇော်နိုင်အောင် ပြန်လှန်စစ်မေးချက်ပေါ့။ သူ့ရဲ့ Report အရ လေဆိပ်မှာရှိတဲ့ CCTV ကင်မရာရဲ့ ပေါ်ပေါက်ချက်တွေနဲ့ အောင်ဝင်းခိုင်၊ အောင်ဝင်းဇော်၊ ကြည်လင်း တို့ မှတ်တမ်းတွေကို တိုက်ဆိုင်စစ်ဆေးတဲ့ အချက်ပေါ့။ ပထမနေ့တုန်းကတော့ စာမျက်နှာ ၄၄ မျက်နှာလောက် မှတ်တမ်းတွေ ရှိတယ်။  အဓိကအချက်ကတော့ သူတို့အနေနဲ့ အချင်းဖြစ်ပွားတဲ့အချိန်နဲ့ တိုက်ဆိုင်ပြီးတော့ နောက်တစ်ခါ လေဆိပ်ထဲမှာ ရှိနေတဲ့အချိန်နဲ့ တိုက်ဆိုင်ပြီးတော့ ကြည်လင်းရယ်၊ အောင်ဝင်းဇော်တို့၊ အောင်ဝင်းခိုင်တို့ ဆက်သွယ်မှုတွေ အားလုံးကို CCTV မှတ်တမ်းမှာပါတဲ့ နေ့ရက်တွေ၊ အချိန်တွေနဲ့ တိုက်ဆိုင် ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောကြားသည်။

ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်း၊ အောင်ဝင်းခိုင်တို့ ငါးဦးကို မြောက်ပိုင်းခရိုင် တရားရုံး၌ ပြစ်မှုကြီးအမှတ် ၄၅/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂/၃၄/၂၁၂ တို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ထို့ပြင် ဇေယျာဖြိုးထံမှ ငွေကြေးချေးခဲ့ဖူးသူ ဦးတင်ထွန်းအောင်၏ တရားရုံးသို့ သက်သေထွက်ဆိုချက်များနှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေးက “ ဦးတင်ထွန်းအောင်ကို ကျွန်တော်တို့ သက်သေပြအဖြစ် ပြတာဟာ သူက ဇေယျာဖြိုးဆီက ၂၀၁၆ ခုနှစ် သုံးလပိုင်းမှာ သိန်း ၁၂၀၀ ချေးထားတယ်လို့ ပြောတယ်။၂၀၁၆ ခုနှစ်  ခြောက်လပိုင်းမှာ ၈၀၀ ပြန်ပေးလိုက်တယ်။ ခုနစ်လပိုင်းမှာ ၄၀၀ ပြန်ပေးလိုက်တယ်။ အဲဒီတော့ ဇေယျာဖြိုးဆီကို သိန်း ၁၂၀၀ ဝင်လာပြီ။ အဲဒီမတိုင်ခင်က ဇေယျာဖြိုးကုမ္ပဏီက စီးပွားရေး မကောင်းဘူး။ ဒါ သူ့ရှေ့နေပြောနေတာ။ ဒီလောက် ပိုက်ဆံသုံးဖို့ ခက်တယ်ဆိုတဲ့အကြောင်း။ ကျွန်တော်တို့ အရင်စွပ်စွဲချက်တွေ ရှိတာက  ဦးကိုနီကို သတ်ဖို့ သိန်း ၁၀၀၀ နဲ့ လိုက်ငှားနေတယ်။ ဒါကြောင့် ကျွန်တော်တို့က ဦးတင်ထွန်းအောင်ကို သက်သေတင်တာ”ဟု ပြောကြားသည်။

ယင်းအပြင် အမှုနှင့်ပတ်သက်၍ ကြည်လင်းနှင့် အောင်ဝင်းဇော်တို့အား ရာကြီးအမှတ် ၄၆/၂၀၁၇၊ လက်နက်ဥပဒေပုဒ်မ ၁၉ (ဃ)၊ ၁၉ (စ) ဖြင့် တရားစွဲဆိုထားပြီး ယင်းအမှုအတွက် သက်သေ ၁၀ ဦးကျော် တင်ပြထားကြောင်း သိရသည်။

ထိုသို့ တရားစွဲခံထားရသူ ငါးဦးအနက် ထွက်ပြေးလွတ်မြောက်နေသူ အောင်ဝင်းခိုင်ကို ရာဇဝတ် အထွေထွေအမှုအမှတ် ၂၀/၂၀၁၇ တရားခံပြေးအမှုဖြင့် စစ်ဆေးချက်များအရ လတ်တလောတွင် ဖမ်းဆီးရမိနိုင်ခြေ မရှိသဖြင့် တရားခံပြေးအဖြစ် ကြေညာထားကြောင်း သိရသည်။