ဆေးပြားမှောင်ခိုသွင်းသော မလေးရှားအမျိုးသားကို ထိုင်းတရားရုံးက သေဒဏ်ချမှတ်

ဆေးပြားမှောင်ခိုသွင်းသော မလေးရှားအမျိုးသားကို ထိုင်းတရားရုံးက သေဒဏ်ချမှတ်
Published 17 August 2018

သြဂုတ် ၁၆ ရက်တွင် ဘန်ကောက်ရှိ တရားရုံးသို့ ရောက်ရှိလာသော မလေးရှား မူးယစ်ဆေးမှောင်ခိုကူးမှုဖြင့် သံသယရှိသူ တန်ဟွန်ဆောင်းကို တွေ့ရစဉ် (Photo: AFP)

များပြားသော အမြတ်ငွေများကို တရားဝင် စီးပွားရေးလုပ်ငန်းများထဲသို့ လျှို့ဝှက် ထည့်သွင်းပေးခဲ့သော မူးယစ်ဆေးဝါးကွန်ရက်ကို ကြီးကြပ်ခဲ့မှုဖြင့် တရားစွဲခံခဲ့ရပြီးနောက် “Iceman” ဟုခေါ်သည့် မလေးရှားလူမျိုး မူးယစ်ဆေးဝါး ရောင်းဝယ်သူကို သြဂုတ် ၁၆ ရက်တွင် ထိုင်းတရားရုံးက သေဒဏ်ချခဲ့မှတ်ခဲ့သည်။

ပဋိပက္ခဖြစ်ပွားနေသော တောင်ပိုင်းမှ တစ်ဆင့်အိုက်စ် (ice) ဆေးပြားကီလိုဂရမ် ၃၀၀ နီးပါး ခိုးသွင်းရန် အမျိုးသားတစ်ဦးကို ငှားရမ်းခဲ့ကြောင်း သတင်းရခဲ့ပြီးနောက် လွန်ခဲ့သောနှစ် ဧပြီတွင် တန်ဟွန်ဆောင်းကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ နယ်စပ်တွင် မလေးရှား မူးယစ်ဈေးကွက်၏ တံခါးမှူးအဖြစ် ၎င်းက လုပ်ဆောင်ခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများက ယုံကြည်ထားကြပြီး ကာရာအိုကေဆိုင်များ၊ ဟိုတယ်များနှင့် စားသောက်ဆိုင်များမှတစ်ဆင့် ငွေဖြူမှငွေမည်း ပြောင်းလဲခဲ့သည်ဟုဆိုသည်။ ထိုင်းအမျိုးသမီးနှစ်ဦး၊ ထိုင်ဝမ်အမျိုးသားတစ်ဦးနှင့်အတူ အသက် ၆၅ နှစ်ရှိတန်ဟွန်ဆောင်းကို မူးယစ်ဆေး မှောင်ခိုစွဲချက်များဖြင့် ထိုင်းတရားရုံးက စီရင်ချက်ချမှတ်ခဲ့သည်။ လေးဦးစလုံးကို သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သော်လည်း အသုံးဝင်သော ဖြောင့်ချက်များ ထွက်ဆိုပေးခဲ့ကြသောကြောင့် ထိုင်ဝမ်အမျိုးသားနှင့် ထိုင်းအမျိုးသမီးတစ်ဦးတို့ကို သေဒဏ်မှ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သို့ လျှော့ချပေးခဲ့သည်။

Ref: AFP