You Tube က ဗီဒီယိုဖန်တီးသူများအတွက် ဝင်ငွေရှာနိုင်သည့် နည်းလမ်းသစ်များ ကမ်းလှမ်း

You Tube က ဗီဒီယိုဖန်တီးသူများအတွက် ဝင်ငွေရှာနိုင်သည့် နည်းလမ်းသစ်များ ကမ်းလှမ်း
Published 23 June 2018

(Photo - AFP)

You Tube တွင် ဗီဒီယိုတင်သူများအတွက် လုံလောက်သည့် ပေးဆပ်မှုမျိုးမရှိဟု ဝေဖန်ခံနေရသဖြင့် အခကြေးငွေဖြင့် ကြည့်ရှုရသော ဗီဒီယိုလိုင်းများ တည်ထောင်ခွင့်ပေးမည်ဖြစ်ကြောင်း You Tube က ဇွန် ၂၁ ရက်တွင် ကြေညာခဲ့သည်။ Google က ပိုင်ဆိုင်သော You Tube သည် ကြော်ငြာမှ ဝင်ငွေ အဓိက ရရှိနေသော်လည်း ကြော်ငြာကိုလွန်၍ စဉ်းစားလိုကြောင်း၊ ဗီဒီယိုဖန်တီးသူများသည် ဝင်ငွေရှာရန်အတွက် နည်းလမ်းများ၊ အခွင့်အလမ်းများရှိသင့်ကြောင်း You Tube ၏ ထုတ်ကုန်ဆိုင်ရာအရာရှိချုပ် နီးမိုဟန်က ပြောကြားခဲ့သည်။

လစဉ်ကြည့်ရှုသူ ၁၀၀၀၀၀ ကျော်ရှိသော You Tube ဗီဒီယိုလိုင်းများတွင် ကြည့်ရှုသူများက တစ်လ ၄ ဒသမ ၉၉ ဒေါ်လာဖြင့် ကြည့်ရှုနိုင်သော အစီအစဉ်ကို You Tube က ဆောင်ရွက်ပေးမည်ဖြစ်သည်။ ထို့ပြင် You Tube ဗီဒီယိုဖန်တီးသူများသည် ၎င်းတို့၏ အစီအစဉ်များတွင် ရှပ်အင်္ကျီများနှင့် ဖုန်းအိတ်ခွံများကဲ့သို့သော ပစ္စည်းများကို ရောင်းချနိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီက ကြေညာခဲ့သည်။ You Tube သည် ၎င်း၏နေရာတွင်  ဗီဒီယိုတင်သူများအား ကြော်ငြာဝင်ငွေ၏ အနည်းငယ်သော ပမာဏကိုသာ ပြန်ပေးကြောင်း စွပ်စွဲခံနေရသည်။ You Tube တွင် ပုံမှန်အသုံးပြုသူ ၁ ဒသမ ၉ ဘီလျံကျော်ရှိ ထားသည်ဟု ကုမ္ပဏီက ဆိုသည်။

Ref ;AFP