ခြိမ်းခြောက်မှုနှင့်ကြုံခဲ့ရသော ကမ္ဘောဒီးယားမှ ဧရာဝတီလင်းပိုင်ကောင်ရေ ပြန်မြင့်တက်

ခြိမ်းခြောက်မှုနှင့်ကြုံခဲ့ရသော ကမ္ဘောဒီးယားမှ ဧရာဝတီလင်းပိုင်ကောင်ရေ ပြန်မြင့်တက်
Published 24 April 2018

ကမ္ဘောဒီးယားရှိ မဲခေါင်မြစ်အတွင်းမှ ဧရာဝတီလင်းပိုင်များအား တွေ့ရစဉ် (Photo: AFP)

မျိုးသုဉ်းမည့်အန္တရာယ်နှင့် ဆိုးဆိုးရွားရွား ကြုံခဲ့ရသော ကမ္ဘောဒီးယားမှ မြစ်လင်းပိုင်များ၏ကောင်ရေသည် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် ပြန်လည်မြင့်တက်လာသည်ဟု ထိန်းသိမ်းရေးအဖွဲ့တို့က ဧပြီ ၂၃ ရက်၌ ထုတ်ပြန်ခဲ့သည်။

စူထွက်နေသော နဖူးနှင့် နှုတ်သီးတိုခြင်းတို့ကြောင့် လူသိများသော ဧရာဝတီလင်းပိုင်များသည် တစ်ချိန်က မဲခေါင်မြစ်အတွင်း နေရာအများအပြားတွင် နေထိုင်ကျက်စားခဲ့ကြသည်။ သို့သော်  ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ထိုလင်းပိုင်များသည် ကမ္ဘောဒီးယား အလယ်ပိုင်းမှ လာအိုနှင့်ထိစပ်နေသော မြောက်ပိုင်းနယ်စပ်အထိ ၁၁၈ မိုင်ရှည်သော မြစ်ကြောင်းအတွင်း၌ အကန့်အသတ်ဖြင့်သာနေကြတော့သည်။

ထို့ပြင်လင်းပိုင်ကောင်ရေသည် ပထမဆုံးစစ်တမ်းကောက်ယူခဲ့သည် ၁၉၉၇ ခုနှစ် မှစပြီး မှန်မှန်ကျဆင်းလာခဲ့ကာ ကောင်ရေ ၂၀၀ မှ ၂၀၁၅ ခုနှစ်တွင်  ၈၀ ခန့်သာ ကျန်တော့သည်။ ဘုံနေရာဆုံးရှုံးမှုနှင့် ဆိုးရွားသော ငါးဖမ်းပုံစံတို့ကြောင့် ယင်းကဲ့သို့ကောင်ရေ များ ကျလာခြင်းဖြစ်သည်။

သို့သော် ၂၀၁၈ ခုနှစ်က ပေါက်သည့် လင်းပိုင်ငယ်သုံးကောင် အပါအဝင် သားပေါက်မှုများ ထပ်ရှိလာခဲ့ပြီး သေဆုံးမှုနှုန်း လည်း လျော့ကျသွားခဲ့သည်အတွက် အဆို ပါမျိုးစိတ်မှာ ပြန်လည်နာလန်ထူလာနိုင်ခဲ့ သည်။ ကမ္ဘောဒီးယားသည် ဧရာဝတီလင်းပိုင် ကောင်ရေအများဆုံးရှိသည့် နေရာဖြစ်သည်။ ထိုလင်းပိုင်များကို မြန်မာ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ထိုင်းတို့ရှိ မြစ်များ၊ ကန်များထဲတွင်လည်း တွေ့နိုင်သည်။