ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၃၃၀ အထက် ဆက်ရှိနေပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၇၉၀၀ အထိ ပြန်လည်မြင့်တက်

ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၃၃၀ အထက် ဆက်ရှိနေပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၇၉၀၀ အထိ ပြန်လည်မြင့်တက်
Published 21 January 2018

ကမ္ဘာ့ရွှေဈေးသည် ဇန်နဝါရီ ၁၉ ရက်တွင် ၁၃၃၁ ဒေါ်လာဝန်းကျင်ဖြင့် တစ်ပတ်တာ ဈေးပိတ်ခဲ့ပြီး ဇန်နဝါရီ ၂၀ ရက်တွင် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၇၉၀၀ အထိ ပြန်လည်မြင့်တက်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှ စတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ်  သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ၉၂၂၁၀၀ အထိ ကျဆင်းခဲ့သည်။ အောက်တိုဘာ ၇ ရက် တွင် ၉၃၀၀၀၀ အထက်၊ အောက်တိုဘာ ၁၄ ရက်တွင် ၉၄၀၀၀၀ အထက်သို့ ပြန်ရောက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် ၉၃၀၆၀၀၊ အောက်တိုဘာ ၃၀ နှင့် နိုဝင်ဘာ ၁ ရက်တွင် ၉၂၉၂၀၀ အထိ ကျဆင်းခဲ့သည်။ နိုဝင်ဘာလဆန်းတွင် ကျပ် ၉၃၀၀၀၀ အောက်တွင်သာ ဆက်ရှိခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင်  ၉၃၆၂၀၀ အထိရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၆ ရက်တွင် ၉၂၆၁၀၀၊ ဒီဇင်ဘာ ၁၉ ရက်တွင် ၉၁၇၇၀၀၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇၀၀၀၊ ဇန်နဝါရီ ၉ ရက်တွင် ၉၃၈၀၀၀၊ ဇန်နဝါရီ ၁၅ ရက်တွင် ၉၅၀၇၀၀၊ ဇန်နဝါရီ ၂၀ ရက်တွင် ကျပ် ၉၄၇၉၀၀ ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ကမ္ဘာ့ရွှေဈေး ၁၂၃၈ ဒေါ်လာအထိကျဆင်းခဲ့ပြီး ဇန်နဝါရီတွင် ဈေးနှုန်းများ ပြန်တက်နေခြင်း ဖြစ်သည်။