ရှေ့တစ်ပတ် လီဗာပူးလ်နှင့်ပွဲတွင် လာမယ်လာ ပြန်ကစားနိုင်မည်

ရှေ့တစ်ပတ် လီဗာပူးလ်နှင့်ပွဲတွင် လာမယ်လာ ပြန်ကစားနိုင်မည်
Published 10 September 2018

 

 

 

စပါးအသင်း၏ အာဂျင်တီးနားကွင်းလယ်လူ လာမယ်လာသည် ဒဏ်ရာသက်သာလာပြီဖြစ်သဖြင့် ရှေ့လာမည့် စက်တင်ဘာ (၁၅)ရက်နေ့တွင် ကစားရန်ရှိသော စပါး- လီဗာပူးလ် ပရီးမီးယားလိဂ်ပွဲစဉ်၌ ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

လာမယ်လာသည် ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက ကစားခဲ့သော မန်ယူ (ဝ-၃) စပါးပွဲမတိုင်မီ သွေးပူလေ့ကျင့်ခန်းပြုလုပ်ရာတွင် တံကောက်ကြောဒဏ်ရာ ရရှိခဲ့သဖြင့် ယင်းပွဲကို လွဲချော်ခဲ့သည့်အပြင် ဝက်ဖို့ဒ် အသင်းအား (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောပွဲစဉ်၌လည်း ပါဝင်နိုင်ခြင်း မရှိပေ။

ယခုအခါ ဒဏ်ရာသက်သာလာပြီဖြစ် သည့် လာမယ်လာသည် အသင်းနှင့်အတူ လေ့ကျင့်ခန်း အပြည့်အဝပြုလုပ်နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ သူ့အနေဖြင့် လီဗာပူးလ်နှင့်ပွဲတွင် ပါဝင်ကစားရန် အသင့်အနေအ ထားရှိနေသည်ဟု အသင်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Most Read

Most Recent