အကြိတ်အနယ်ကစားပြီး ပထမဦးဆုံး နိုင်ပွဲရှာတွေ့ခဲ့တဲ့ ရှမ်းယူနိုက်တက်

အကြိတ်အနယ်ကစားပြီး ပထမဦးဆုံး နိုင်ပွဲရှာတွေ့ခဲ့တဲ့ ရှမ်းယူနိုက်တက်
Published 20 January 2018

ရှမ်းယူနိုက်တက်အသင်းသည် 2018 MPT MNLပွဲစဉ်(၂)တွင် မကွေးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး အကြိတ်အနယ်ကစားကာ ပထမဦးဆုံးနိုင်ပွဲကိုရရရှိခဲ့သည်။

Photo - ကောင်းထက်အောင်

ပြိုင်ပွဲစုံ(၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေသော ရှမ်းယူနိုက်တက်သည် ယနေ့ပွဲစဉ်တွင် လူစုံထုတ်သုံးခဲ့သော်လည်း မကွေးအသင်း၏ မာမာထန်ထန်တုန့်ပြန်ကစားပုံကြောင့် ဦးဆောင်ဂိုးစတင်ခွင့်ပြုခဲ့ရသည်။ နောက်ဆုံးမိနစ်အထိ လူငယ်ကစားသမားအများစုပါဝင်သော မကွေးကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး အနိုင်(၃)မှတ်စတင်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Photo - ကောင်းထက်အောင်

Photo - ကောင်းထက်အောင်

ရှမ်းယူနိုက်တက်အတွက် သွင်းဂိုးများကို ခရစ္စတိုဖာက (၃၅၊၅၂၊၈၆)မိနစ်များတွင်သွင်းယူကာ ဟက်ထရစ်ရရှိခဲ့ပြီး မကွေးအသင်းအတွက်ဂိုးများကို အောင်မြင့်ထွန်းက(၁၅)မိနစ်၊စိုးလွင်လွင်က(၈၄)မိနစ်တို့တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။

Photo - ကောင်းထက်အောင်

Most Read

Most Recent