စမောလင်းအား ၂၀၂၂ ခုနှစ်အထိ မန်ယူအသင်း စာချုပ်သစ် ချုပ်ဆို

စမောလင်းအား ၂၀၂၂ ခုနှစ်အထိ မန်ယူအသင်း စာချုပ်သစ် ချုပ်ဆို
Photo: Man Utd/Twitter
Photo: Man Utd/Twitter
Published 16 December 2018

မန်ယူအသင်းသည် အသင်း၏အဓိကနောက်ခံလူ စမောလင်းအား ၂၀၂၂ ခုနှစ် စာချုပ်သစ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အသက် (၂၉)နှစ်အရွယ်ရှိ အင်္ဂလန်နောက်ခံလူ စမောလင်းသည် ၂၀၁၀ ခုနှစ်က ဖူလ်ဟမ်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ (၃၀၇)ပွဲတွင် (၁၈)ဂိုး သွင်းယူထားသူ ဖြစ်သည်။

စမောလင်းက မန်ယူအသင်းနှင့် နည်းပြ မော်ရင်ဟိုတို့၏ ထောက်ခံမှုရရှိသည့်အတွက် အလွန်ပျော်ရွှင်ကြောင်းနှင့် အသင်းအတွက် အစွမ်းကုန်ပေးဆပ်သွားမည်ဟု ပြောကြားခဲ့သည်။

စမောလင်းက "အသင်းနဲ့ နည်းပြက ကျွန်တော့်ကို ထောက်ခံတဲ့အတွက် အလွန်ပျော်ရွှင်မိပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းအတွက် အစွမ်းကုန်ပေးဆပ်သွားမှာပါ။ ဒီအသင်းမှာ ကျွန်တော် ကစားလာတာ ဒီရာသီဆိုရင် (၉)ရာသီတောင် ရှိနေပါပြီ။ အသင်းနဲ့ ဆက်ပြီး လက်တွဲခွင့်ရတဲ့အတွက် ပျော်ရွှင်မိပါတယ်။ မန်ယူအသင်းသားဖြစ်ရတာကို ကျွန်တော် အလွန်ဂုဏ်ယူပြီး ပွဲကျပ်ကာလမှာ ရလဒ်ကောင်းအောင် ကြိုးစားမှာပါ"ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းနည်းပြ မော်ရင်ဟိုကလည်း အသင်း၏ စီနီယာကစားသမားဖြစ်သည့် စမောလင်းအား စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ခြင်းအတွက် ဝမ်းသာကြောင်း ပြောကြားခဲ့သည်။

စမောလင်းသည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၁၈)ပွဲအထိ ကစားထားပြီး (၉)နှစ်တာကာလအတွင်း အသင်းနှင့် ပရီးမီးယားလိဂ်ချန်ပီယံဆု (၂)ကြိမ်အပါအဝင် ဆုဖလားပေါင်း (၈)လုံးအထိ ရယူနိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent