စာလုံးဖောင့်နှင့်ပတ်သက်၍ လာလီဂါနှင့် အမှုရင်ဆိုင်ရာ ရီးယဲလ်အသင်း ရှုံးနိမ့်

စာလုံးဖောင့်နှင့်ပတ်သက်၍ လာလီဂါနှင့် အမှုရင်ဆိုင်ရာ ရီးယဲလ်အသင်း ရှုံးနိမ့်
Published 12 November 2018

 ရီးယဲလ်မက်ဒရစ်အသင်းသည် ဂျာစီတွင် ရိုက်နှိပ်ဖော်ပြသည့် စာလုံးဖောင့်နှင့်ပတ်သက်၍ လာလီ ဂါပြိုင်ပွဲနှင့် အမှုရင်ဆိုင်ရာ ရှုံးနိမ့်ခဲ့ ကြောင်း သိရသည်။ 

လာလီဂါပြိုင်ပွဲ၏ စည်းမျဉ်း အမှတ် ၅၈ အရ ကလပ်အသင်းများ အနေဖြင့် ကစားသမားအမည်နှင့် နံပါတ်အား သတ်မှတ်ထားသည့် စာလုံးဖောင့်ပုံစံဖြင့်သာ ဖော်ပြရ မည်ဖြစ်သော်လည်း ရီးယဲလ်အသင်း က ချိုးဖောက်ခဲ့ခြင်းဖြစ်သည်။

ထို့ ကြောင့် တရားရုံး၌ နှစ်ဖက်ရင်ဆိုင် ဖြေရှင်းရာ မက်ဒရစ်မြို့ရှိ တရားရုံး က လာလီဂါပြိုင်ပွဲအား အနိုင်ပေးခဲ့ ခြင်းဖြစ်သည်။

သို့ဖြစ်ရာ ရီးယဲလ် အသင်းအနေဖြင့် တရားရုံးကုန်ကျ စရိတ်အား စိုက်ထုတ်ကျခံပေးရမည့် အပြင် အခြားကလပ်အသင်းများနှင့် ပုံစံတူစာလုံးဖောင့်သာ အသုံးပြုရ မည်ဖြစ်ကြောင်း စပိန်အခြေစိုက် Cadena SER ရေဒီယို၏ကြေညာ ချက်အရသိရသည်။

ရီးယဲလ်အသင်း သည် ရာသီအစတွင် ရလဒ်ပိုင်းနှင့် ခြေစွမ်းမတည်ငြိမ်မှုကြောင့် ဇန်နဝါ ရီအပြောင်းအရွှေ့ကာလတွင် ကစား သမားသစ်များ အင်အားဖြည့်တင်း ရန် စီစဉ်ထားပြီး တောင်အမေရိက အခြေစိုက် လူငယ်ကစားသမားများ အား ဦးစားပေးခေါ်ယူဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent