ဘီလ်ဘာအိုအသင်းသည် ပြီးခဲ့သည့်နှစ်က ဆီဗီလာအသင်းမှ ထုတ်ပယ်ခံခဲ့ရသည့် အာဂျင်တီးနားနည်းပြ ဘာရစ်ဇိုကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရှိရသည်။
ဘာရစ်ဇို(၄၈ နှစ်)သည် ချီလီလက်ရွေးစင်အသင်း၏လက်ထောက်နည်းပြအဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး ဆယ်လ်တာဗီဂိုအသင်း၏နည်းပြအဖြစ် စပိန်မြေသို့ ၂၀၁၄ ခုနှစ်တွင် စတင်ခြေချခဲ့သူဖြစ်သည်။
ဘီလ်ဘာအိုအသင်းသည် နည်းပြ ဗယ်လ်ဗာဒီ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့သွားသည့်အတွက် ပြီးခဲ့သည့်ရာသီက နည်းပြ ဇီဂန်ဒါနှင့် ရုန်းကန်ခဲ့ရပြီး လာလီဂါပြိုင်ပွဲတွင် အဆင့်(၁၆)နေရာအထိ ရောက်ရှိခဲ့သည်။
ထို့ကြောင့် ဇီဂန်ဒါနှင့် လမ်းခွဲကာ ဘာရစ်ဇိုကို အစားထိုးခန့်အပ်လိုက်ခြင်းလည်းဖြစ်သည်။
သို့သော် ဘာရစ်ဇိုကိုလည်း လာမည့်တစ်ရာသီစာအတွက်သာ (၁)နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။