အင်္ဂလန်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂျော်ဒန်ဟန်ဒါဆန်ဟာ အောင်ပွဲခံရင်း မတော်တဆဖြစ်ခဲ့တာကြောင့် လက်ကောက်ဝတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ဟန်ဒါဆန်ဟာ မက္ကဆီကိုအသင်းကို အနိုင်ရရှိတဲ့ပွဲအပြီး အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံပြီးနောက် ကြော်ငြာဘုတ်ကို ကျော်ပြီး ကွင်းအတွင်းပြန်ဝင်ရာမှာ ဟန်ချက်လွဲသွားခဲ့တာကြောင့် အောက်ကို ပြုတ်ကျကာ လက်နဲ့ထောက်မိခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ထမ်းစင်နဲ့ သယ်ထုတ်သွားခဲ့ရပြီး ဆေးရုံမှာ ကုသမှုခံယူခဲ့ရကြောင်း သိရပါတယ်။
ဟန်ဒါဆန်(၃၆ နှစ်)ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ အရန်ကစားသမားအဖြစ်သာ ရပ်တည်နေရသူဖြစ်ပြီး ပနားမားနဲ့ပွဲမှာ (၆)မိနစ်သာ လူစားဝင်ကစားခဲ့ရကြောင်း သိရပါတယ်။
အင်္ဂလန်နည်းပြ တူဟယ်လ်က ဟန်ဒါဆန်ရဲ့ ဒဏ်ရာအခြေအနေ ဆိုးရွားဖွယ်ရှိကြောင်း ပြောကြားခဲ့ပြီး ဟန်ဒါဆန်အနေနဲ့ ဒီကမ္ဘာ့ဖလားမှာ ပြန်ကစားနိုင်ဖွယ်မရှိတော့ကြောင်း သိရပါတယ်။
ဟန်ဒါဆန်ဟာ အင်္ဂလန်အသင်းအတွက် (၉၁)ပွဲ ကစားထားသူဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို (၄)ကြိမ်မြောက် ဆင်နွှဲခွင့်ရခြင်းဖြစ်ကြောင်း သိရပါတယ်။
အောင်ပွဲခံရင်း မတော်တဆဖြစ်ခဲ့တာကြောင့် ဟန်ဒါဆန် လက်ကောက်ဝတ်ဒဏ်ရာရရှိခဲ့
Most Read
Most Recent
2 hours ago















