မြဝတီမြို့ တွင် ဆနွင်းမှိုင်းခြင်ဆေးခွေခွက်အနီး ဓါတ်ဆီလှည်ရာမှ နေအိမ်တစ်လုံးမီးလောင်ကျွမ်းပြီး လသားအရွယ် ကလေးတစ်ဦးသေဆုံး
ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၅ရပ်ကွက် ၊ချစ်ကြည်ကြည်ရေးလမ်း၊ဖားခြောက်အနီးတွင် ဇူလိုင် ၁ ရက် ညနေ ၃းဝဝနာရီခန့်က နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခြင်းကြောင့် ၂လသား အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
မြဝတီမြို့ ချစ်ကြည်ရေး လမ်းတွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားနေကောင်းသတင်းရရချင်း မြဝတီမြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ သန္ဓေတပ်ဖွဲ့ဝင်(၁+၉)ဦးဖြင့် မီးငြိမ်းသတ်ခဲ့ရာ ည၃နာရီ၂၈မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းရင်းအားစုံစမ်းရာ စစ်ဆေးရာ ဆနွင်းမိုင်းခြင်ဆေးထွန်းထားသည့် ခွက်အနီး (၅)ဂါလုံပုံးရှိ ဓာတ်ဆီအား ဗူးထဲသို့လှည်ထည့်ချိန် မီးဟက်ရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မီးလောင် ကျွမ်းမှုဖြစ်ပွားခြင်းကြောင့် (၁၀×၁၀)ပေ ထရံကာ မြေစိုက် သွပ်မိုး ခြံစောင့်တဲတစ်လုံးနှင့် (အမည်မပေး ရသေး) အသက်(၂)လအရွယ် ကလေးငယ် တစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူမှာ လည်း ခန္ဓာကိုယ်တစ်ခုလုံးမီးလောင်ခံရပြီး ဒဏ်ရာရ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းသွားသောကလေးငယ်အားZ-Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ လူနာတင်ကားဖြင့် မြဝတီဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှစ့် ကလေး၏ဖခင်မှာလည်းကလေးကိုကယ်ထုတ်ရန်ကြိုးစားစဉ် မီးလောင်ဒါဏ်ရာများရရှိသွားသည့်အတွက် မြဝတီဆေးရုံသို့ ပို့ဆောင်ထားရကြောင်းသိရသည်။
အဆိုပါမီးလောင်မှုအားမြဝတီမီးသတ်တပ်ဖွဲ့များနှင့် Z-Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ အခြားကယ်ဆယ်ရေးအဖွဲ့များမှတက်ညီလက်ညီလာရောက်ကူညီပေးကြောင်းသိရသည်။
ဓာတ်ပုံ- Z-Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့)မြို့နယ်မီးသတ်တပ်ဖွဲ့















