ရူပီး-ကျပ် ငွေလဲလှယ်ရေး (Bilateral Currency Swap Arrangement) ကို နှစ်နိုင်ငံဗဟိုဘဏ်များအကြား တည်ထောင်ရန် သဘောတူညီချက်မူကြမ်းရေးဆွဲနေမှုများ မြန်မာ-အိန္ဒိယ ဆွေးနွေး

ရူပီး-ကျပ် ငွေလဲလှယ်ရေး (Bilateral Currency Swap Arrangement) ကို နှစ်နိုင်ငံဗဟိုဘဏ်များအကြား တည်ထောင်ရန် သဘောတူညီချက်မူကြမ်းရေးဆွဲနေမှုများ မြန်မာ-အိန္ဒိယ ဆွေးနွေး
Published 24 June 2026

ရူပီး-ကျပ် ငွေလဲလှယ်ရေး (Bilateral Currency Swap Arrangement) ကို နှစ်နိုင်ငံဗဟိုဘဏ်များအကြား တည်ထောင်ရန် သဘောတူညီချက်မူကြမ်းရေးဆွဲနေမှုများ မြန်မာ-အိန္ဒိယ ဆွေးနွေးေြာင်း သိရသည်။

ဇွန် ၂၃ ရက်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur နှင့်အဖွဲ့အား နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံစဉ် ထိုသို့ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဉ် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် လက်ရှိဆောင်ရွက်နေသော အိန္ဒိယ ရူပီး/ မြန်မာကျပ်တိုက်ရိုက်ငွေပေးချေမှုနည်းလမ်းအား ပိုမိုအကျိုးရှိနိုင်သော ကိစ္စရပ်များ အိန္ဒိယဗဟိုဘဏ် (Reserve Bank of India)၊ အိန္ဒိယအမျိုးသားငွေပေးချေမှုကော်ပိုရေးရှင်း (National Payments Corporation of India- NPCI)၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် MMQR Consortium နှင့် Myanmar Payment Union (MPU) တို့အကြား UPI QR နှင့် RuPay စနစ်များကို မြန်မာ၏ MMQR အခြေခံအဆောက်အအုံနှင့် အပြန်အလှန်အသုံးပြုနိုင်ရေး (Interoperability) ဖော်ဆောင်ရန် ဆောင်ရွက်နေသည့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ အိန္ဒိယရူပီး/ မြန်မာကျပ် နှစ်နိုင်ငံငွေလဲလှယ်ရေး (Bilateral Currency Swap Arrangement) ကို နှစ်နိုင်ငံဗဟိုဘဏ်များအကြား တည်ထောင်ရန်တို့နှင့်စပ်လျဉ်း၍ သဘောတူညီချက်မူကြမ်းရေးဆွဲနေမှုနှင့် အပြန်အလှန်အကျိုးရှိသော ဘဏ်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းစေရန် ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

Most Read

Most Recent