ရှားပါး ရုရှားဂန္ထဝင်စာအုပ်များကို ခိုးယူသည့် ဂျော်ဂျီယာနိုင်ငံသားခြောက်ဦးကို ပြင်သစ်တွင် ထောင်ဒဏ်များချမှတ်

ရှားပါး ရုရှားဂန္ထဝင်စာအုပ်များကို ခိုးယူသည့် ဂျော်ဂျီယာနိုင်ငံသားခြောက်ဦးကို ပြင်သစ်တွင် ထောင်ဒဏ်များချမှတ်
Published 13 June 2026

ဂျော်ဂျီယာနိုင်ငံသားခြောက်ဦးသည် ၁၉ ရာစု၌ ထင်ရှားသော စာရေးဆရာ အလက်ဇန်း ဒါပွတ်ရှ်ကင်ရေးသောစာအုပ်အပါအဝင် ရှားပါးရုရှားဂန္ထဝင်စာအုပ်များကို ဂုဏ်သတင်းကြီးသော ပြင်သစ်စာကြည့် တိုက်များမှခိုးယူသည့်အတွက် ပြင်သစ်နိုင်ငံ၌ ထောင်ဒဏ်  ခုနစ်နှစ်အထိ ချမှတ်ခံခဲ့ရသည်။

အမှုသည် ဥရောပတစ်ခွင်ရှိ စာကြည့်တိုက်များမှ လွန်ခဲ့သောနှစ်များတွင် အလားတူ ခိုးယူမှုများ ဆက်တိုက်ဖြစ်ပွားသည့်အတွက် တရားမျှတမှုကို ရှာဖွေသောနောက်ဆုံးအမှုဖြစ်ပြီး ရုရှားနှင့် ဆက်စပ်နေပုံရသည့် စနစ်တကျလုပ်ဆောင်သော ကွန်ရက်၏ လုပ်ဆောင်ချက်ဟု ယူဆရသည်။

သူခိုးတို့သည် စုစုပေါင်း သန်းချီတန်ကြေးရှိသော ရှားပါးရုရှားဂန္ထဝင်စာအုပ်များကို ခိုးယူခြင်းဖြစ်သည်။ ခိုးယူသောစာအုပ်များထဲတွင် ၁၉ ရာစုထိပ်တန်းစာရေးဆရာများဖြစ်သော ပွတ်ရှ်ကင်၊ နီကိုလိုင်ဂိုဂိုးလ်၊ မီခေးလ် လာမွန်တော့ဗ်တို့၏စာအုပ်များပါဝင်သည်။

အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦးတို့ဖြစ်သည့် တရားခံခြောက်ဦးသည် ပြစ်မှုကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့်သောကြာမှစနေကိုကူးသည့် ညပိုင်းတွင် ရာဇဝတ်မှုမြောက်သောကြံစည်မှုကို လုပ်ဆောင်ရာတွင် ပြစ်မှုထင်ရှားခဲ့ပြီး အချို့သည် ခင်းကျင်းပြသထားသည့် ယဉ်ကျေးမှုဆိုင်ရာပစ္စည်းများကို ခိုးယူမှုအတွက် အပြစ်ပေးခံရသည်။

နှစ်ဦးကို ၎င်းတို့၏ဂျော်ဂျီယာနိုင်ငံတွင် ဖမ်းဆီးမိထားသောကြောင့် ထိုနှစ်ဦးကို မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ဂျော်ဂျီယာသည် ၎င်း၏နိုင်ငံသားများကို အခြားနိုင်ငံသို့ လွှဲပြောင်းပေးခြင်းမရှိပေ။

နောက်ထပ်နှစ်ဦးကို အလားတူအမှုဖြင့်  အခြားနိုင်ငံများတွင် ပြစ်ဒဏ်စီရင်ကာ ထောင်ချထားသဖြင့် သူတို့ကို ယာယီအားဖြင့် ပြင်သစ်သို့ လွှဲပြောင်းပေးခဲ့သည်။

သူခိုးတို့သည် ဂျာမနီ၊ ဆွစ်ဇာလန်၊ ချက်တို့တွင်လည်း ခိုးယူခဲ့သည်ဟု ဆိုသည်။

အသက် ၅၀ နှစ်ရှိ မီခေးလ်ဇက်သည် ထောင်ဒဏ်ခုနစ်နှစ်ဖြင့် ပြစ်ဒဏ်အများဆုံး ချမှတ်ခံရသူဖြစ်ပြီး အသက် ၄၉ နှစ်အရွယ် ဘီကာတီသည် ထောင်ဒဏ်လေးနှစ်ချမှတ်ခံခဲ့ရသည်။

Ref: AFP

Photos: AFP

Most Read

Most Recent