လေယာဉ်ငယ်တစ်စင်းသည် ခရိုအေးရှား၏ မြောက်ပိုင်းအက်ဒရီယားတစ်ကမ်းရိုးတန်းပေါ်ရှိ လေယာဉ်ကွင်းအနီးတွင် ဇွန် ၄ ရက်က ပျက်ကျခဲ့သဖြင့် လေးဦးသေဆုံး သွားခဲ့ရာ သေဆုံးသူအားလုံးသည် သြစတြီးယားနိုင်ငံသားများဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ခရိုအေးရှားအာဏာပိုင်များက သေဆုံးသူများထဲက နှစ်ဦး၏ နိုင်ငံသားကို အတည်ပြုပေးခဲ့သည်။ သြစတြီး ယားသတင်းအေဂျင်စီ APA က သြစတြီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့ရာတွင် သေဆုံးသူလေးဦးစလုံးသည် သြစတြီးယားနိုင်ငံသားများဖြစ်သည်ဟု ဆိုသည်။
ဂျာမနီတွင် မှတ်ပုံတင်ထားသော လေယာဉ်ငယ်သည် သြစတြီးယားနိုင်ငံ လင့်ဇ်မှ ခရိုအေးရှား၏ အစ္စထရီး ယားကျွန်းဆွယ်သို့ ပျံသန်းလာခြင်းဖြစ်ပြီး ဇွန် ၄ ရက် နံနက်ပိုင်းတွင် ကျွန်းဆွယ်၌ ပျက်ကျသွားခြင်းဖြစ်သည်ဟု အမျိုးသားလေကြောင်း၊ ရေကြောင်း၊ ရထားမတော်တဆမှုများ စုံစမ်းစစ်ဆေးရေးအေဂျင်စီ (AIN) ၏ အကြီးအကဲ အလာနာဗူကစ်က သတင်းထောက်များကို ပြောခဲ့သည်။
သေဆုံးသူလေးဦးစလုံးသည် အမျိုးသားများဖြစ်ကာ ၎င်းတို့၏ရုပ်အလောင်းများကို လေယာဉ်အပျက်ထဲမှ ဖယ်ရှားခဲ့သည်ဟု HINA သတင်းဌာနက ဖော်ပြခဲ့သည်။















