စစ်ကိုင်းမြို့၊ ပါရမီရပ်ရှိ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးပေါက်ကွဲမှုဖြစ်ပြီး ၀န်ထမ်းအပါအ၀င် ၁၇ဦးဒဏ်ရာရရှိမှု ဇွန်လ၅ရက် နံနက်၁၁နာရီ၀န်းကျင်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
"ဝန်ထမ်း ၄ ဦး ၊ ပြည်သူ ၁၃ ဦး ၊ အားလုံး ၁၇ ယောက် ဒဏ်ရာရတယ် ။ ဝန်ထမ်း ၄ ဦးက ထိခိုက်ဒဏ်ရာ များပြီး တစ်ယောက်ကတော့ အားချင်း ခွဲစိပ်တာတွေ လုပ်နေရတယ်လို့ သိရတယ် ။ ဖြစ်တာက ရုံးအတွင်းထဲမှာဖြစ်တာ " ဟု လဝကရုံးနှင့်နီးစပ်သူတစ်ဦးက ပြောသည် ။
ပေါက်ကွဲမှုဖြစ်ပွားရသည့်အကြောင်းရင်းမှာ ဒရော့ဗုံးဖြင့်ပစ်ချခြင်းဖြစ်သည်ဟု ကနဦးစုံစမ်းသိရပြီး အဆိုပါလ၀ကရုံးတည်နေရာသည် အများပြည်သူသွားလာမှုကန့်သတ်ထားသောနေရာလည်းဖြစ်သည်ဟု သိရသည်။
" လဝက ရုံးက ခနခဏ ဗုံးပစ်ခံရနေတာမျိုးကြောင့် ရုံးကို အဝင်အထွက် လမ်းတွေကို အတားအဆီးတွေ ချထားတာ ကြာပြီ ။ အဲ့နားမှာ နေတဲ့သူတွေနဲ့ ရုံးအဝင်အထွက်လောက်ပဲ သွားလာကြတော့တာ " ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ဆိုသည်။
စစ်ကိုင်းမြို့ ပါရမီရပ်ကွက်ရှိ လဝက ရုံးမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုများ သုံးကြိမ်ထက်မနည်း ဖြစ်ဖွားခဲ့ပြီး၂၀၂၄ ခုနှစ်အတွင်းကလည်း အဆိုပါ ရုံးရှေ့တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရုံးဝန်ထမ်း တစ်ဦးနှင့် လာရောက်ပစ်ခတ်သူ နှစ်ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။















