ရှမ်းပြည်နယ် လွိုင်လင်မြို့ရှိ မြကန်သာရေကန်တွင် အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးခဲ့ပြီး နှစ်မိနစ်အကြာတွင် စိုးရိမ်ရသည့််အခြေအနေဖြင့် ရှာဖွေတွေ့ရှိ

ရှမ်းပြည်နယ် လွိုင်လင်မြို့ရှိ မြကန်သာရေကန်တွင် အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးခဲ့ပြီး နှစ်မိနစ်အကြာတွင် စိုးရိမ်ရသည့််အခြေအနေဖြင့် ရှာဖွေတွေ့ရှိ
Published 4 June 2026

ရှမ်းပြည်နယ် လွိုင်လင်မြို့ရှိ မြကန်သာရေကန်တွင် အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးခဲ့ပြီး နှစ်မိနစ်အကြာတွင် စိုးရိမ်ရသည့််အခြေအနေဖြင့် ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဇွန် ၃ ရက် မွန်းလွဲ ၂ နာရီ ၅၃ မိနစ်ခန့်တွင် ရှမ်းပြည်နယ်၊ လွိုင်လင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြကန်သာရေကန်တွင် အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးနေကြောင်း သိရသည်။

ထိုသို့ရေနစ်ပျောက်ဆုံးနေမှုကို လွိုင်လင်ခရိုင်/မြို့နယ် မီးသတ်စခန်းမှ သူနာတင်ယာဉ် တစ်စီး၊ သန္ဓေမီးသတ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ မိနစ်အကြာတွင် ယင်းအမျိုးသားကို စိုးရိမ်ရသည့် အခြေအနေဖြင့် ရှာဖွေတွေ့ရှိခဲ့ပြီး လွိုင်လင်ခရိုင်မီးသတ်စခန်းမှ သူနာတင်ယာဉ်ဖြင့် လွိုင်လင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

Most Read

Most Recent