ပြင်းထန်အပူပိုင်းမုန်တိုင်း ဂျန်မီကြောင့် ဂျပန်တွင် ကိုးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းခရီးများ ရပ်ထားခဲ့ရ

ပြင်းထန်အပူပိုင်းမုန်တိုင်း ဂျန်မီကြောင့် ဂျပန်တွင် ကိုးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းခရီးများ ရပ်ထားခဲ့ရ
Published 2 June 2026
Ref:AFP

ပြင်းထန် အပူပိုင်းမုန်တိုင်းက ဇွန် ၂ ရက်တွင် ဂျပန်အနောက်တောင်ပိုင်းကို တိုက်ခတ်သွားသောကြောင့် နေအိမ် ထောင်ချီ လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ပြီး လေကြောင်းခရီးရာဂဏန်းကို ရပ်နားလိုက်ရသည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။

အပူပိုင်းမုန်တိုင်းကြောင့် အနည်းဆုံး ကိုးဦး ဒဏ်ရာရခဲ့သည်ဟု ဂျပန်အာဏာပိုင်များက ပြောကြားသည်။

တိုင်ဖွန်းမုန်တိုင်းအဖြစ်မှ အဆင့်လျှော့ချသတ်မှတ်လိုက်သော ဂျန်မီမုန်တိုင်းသည် ဇွန် ၁ ရက်တွင် အိုကီနာဝါကျွန်းကို ဝင်ရောက်ခဲ့ပြီးနောက် မြောက်စူးစူးသို့ ဦးတည်ခဲ့သဖြင့် လှိုင်းကြီးခြင်း၊ မြေပြိုခြင်း၊ ရေကြီးခြင်းတို့ကို ဂျပန်မိုးလေဝသအေဂျင်စီက သတိပေးခဲ့သည်။

ကျူရှူးကျွန်းပေါ်ရှိ မီယာဇာကီမြို့တွင် နေထိုင်သူအားလုံးဖြစ်သည့် လူ ၃၉၀၀၀၀ ခန့်ကို ၎င်းတို့၏နေအိမ်များမှထွက်ခွာကြရန် တိုက်တွန်းထားသည်။

မိုးများနေပြီး လေပြင်းများတိုက်နေသည်ဟု ဆိုသည်။ အိုကီနာဝါ၌ အနည်းဆုံးကိုဦး ဒဏ်ရာရခဲ့သည်ဟု ဂျပန်အစိုးရအဖွဲ့အတွက် ပြောရေးဆိုခွင့်ရှိသူ မီနိုရူခီဟာရာက ပြောကြားခဲ့သည်။

မုန်တိုင်းကပ်လာသောကြောင့် ဇွန် ၃ ရက်တွင် တိုကျိုနှင့် အနီးအနားမြို့များတွင် အများပြည်သူသယ်ယူပို့ဆောင်ရေးများအခက်အခဲရှိလာနိုင်သည်ဟု ခီဟာရာကသတိပေးထားသည်။

 

Photo-AFP

Most Read

Most Recent