■ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုက်ထီးရိုး ဒေသရှိကျီးကန်းပါးစပ်သွားရာလမ်းဘေးတောင်ကမ်းပါးယံ အနည်းငယ်ပြိုကျခဲ့

■ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုက်ထီးရိုး ဒေသရှိကျီးကန်းပါးစပ်သွားရာလမ်းဘေးတောင်ကမ်းပါးယံ အနည်းငယ်ပြိုကျခဲ့
Published 22 May 2026

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း မိုးသည်းထန်စွာသွန်းမှုကြောင့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ရှိရာ ရင်ပြင်‌တော်စခန်းအနီးရှိ ကျီးကန်းပါးစပ်သွားရာလမ်းဘေးတွင် တောင်ကမ်းပါးယံ အနည်းငယ်ပြိုကျခဲ့ပြီး လမ်းပိတ်နေကြောင်း သိရသည်။ 

ယနေ့ မေလ ၂၂ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်အနီး ကျီးကန်းပါးစပ်သွားရာလမ်းဘေးတွင် တောင်ကမ်းပါးယံအနည်းငယ်ပြိုကျခဲ့ပြီး ‌လမ်းပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။ 

"ဈေးဆိုင်ခန်းချို့ မြေသားနည်းနည်းပိ တာမျိုးရှိပါတယ်။ လူထိခိုက်တဲ့အထိတော့ မဖြစ်ပါဘူး" ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ထို့ကြောင့် ရင်ပြင်တော်မီးသတ်စခန်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံဈေးသူဈေးသားများ ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

■ ဘိုဘိုမြင့်

■ Photo Credit - CJ 

Most Read

Most Recent