ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ရွာငံမြို့နယ်တွင် PDF များက မေလအတွင်း အမျိုးသားသုံးဦးကို သေနတ်၊ ဓါးတို့ဖြင့် ထိုးခုတ်ပစ်သတ်ခဲ့ကြောင်း သိရသည်။
မေ ၂၀ ရက်က ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာနေဦးထိန်ဦး(၃၄ နှစ်)နှင့် ဦးခန်းထက်ဇော်(၅၀ နှစ်)တို့သည် ၎င်းတို့၏ နေအိမ်အသီးသီး၌ ရှိနေစဉ် PDF ၁၀ ဦးခန့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွား ခဲ့သဖြင့် ၎င်းတို့ နှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ မေ ၁၈ ရက်ကလည်းရွာငံမြို့နယ်၊ မြိုင်ကျေးရွာနေ ဦးမျိုးမြင့်အောင်(ခ)အောင်ကြီး(၄၈ နှစ်)သည် ကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ရှိနေစဉ် PDF ငါးဦး ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ ဘုန်းကြီးကျောင်း အရှေ့ဘက် ပေ ၂၀ ခန့်အကွာ
အရောက်၌ ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့သဖြင့် ၎င်းတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် ဒလန်စွပ်စွဲချက်ဖြင့် အရပ်သားများ မကြာခဏ လုပ်ကြံသတ်ဖြတ်ခံရမှုများ ရှိကြောင်း သိရသည်။















