နေပြည်တော်တွင် ဘယ်လာရုစ်နိုင်ငံသံရုံး ဖွင့်လှစ်ရေးအပါအဝင် နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေး

နေပြည်တော်တွင် ဘယ်လာရုစ်နိုင်ငံသံရုံး ဖွင့်လှစ်ရေးအပါအဝင် နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေး
Published 29 May 2026

နေပြည်တော်တွင် ဘယ်လာရုစ်နိုင်ငံ သံရုံး ဖွင့်လှစ်ရေးအပါအဝင် နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေး နွေးခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန် ကြီး ဦးကိုကိုကျော်နှင့် ဟနွိုင်းမြို့ အခြေ စိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံ အမတ် ကြီး မစ္စတာ အူလာဇမီယာ ဘာရာဗီ ကူအား မေ ၂၈ ရက်၌နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေ ပြည်တော်၌ တွေ့ဆုံခဲ့ကြောင်းသိရ သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား အပြန်အလှန်ခရီးစဉ်များ မှတစ်ဆင့် နှစ်နိုင်ငံထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ညှိနှိုင်းဆောင် ရွက်လျက်ရှိသည့် သဘောတူစာချုပ်များ အကောင်အထည်ဖော်ဆောင်နိုင်ရေး၊ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနများ အ ကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်သွား ရေး၊ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်း နှီးသော ဆက်ဆံရေး ပိုမိုခိုင်မာရေး၊ ကဏ္ဍ စုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် နေပြည်တော်တွင် ဘယ်လာရုစ်သံရုံး ဖွင့် လှစ်နိုင်ရေး ကိစ္စရပ်များဆွေးနွေးခဲ့ကြာင်း သိရ သည်။

Most Read

Most Recent