■ နှစ်နိုင်ငံ ဗဟိုဘဏ်များအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
ဒုတိယသမ္မတ ဦးညိုစောနှင့် ဘယ်လာ ရုစ်သမ္မတနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ H.E .M.Alexandar EGOROV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား မေ ၂၈ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံ တော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ တွေ့ဆုံခဲ့ ကြောင်းသိရသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးနှင့်ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာ စေရေး၊ နှစ်နိုင်ငံဗဟိုဘဏ်များအကြား ပူး ပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာ ချွန်လွှာလက်မှတ်ရေးထိုးခဲ့မှုနှင့်ဗဟိုဘဏ် အချင်းချင်း နှစ်နိုင်ငံကုန်သွယ်ရေးနှင့်ရင်း နှီးမြှုပ်နှံမှုလုပ်ငန်းများကို အထောက်အ ကူပြုနိုင်မည့် ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြောင်းသိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဦးညိုစောနှင့်အတူ ဒုတိယဝန်ကြီး ဦးခင်လတ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်နှင့်တာဝန်ရှိ သူများ တက်ရောက်ပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌနှင့်အတူ ဟနွိုင်း မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာ ရုစ် သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Uladzimir BARAVIKOU နှင့်တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အလားတူဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံ ဇော်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟို ဘဏ် ဒုတိယဥက္ကဋ္ဌ H.E .M.Alexandar EGOROV ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့မေ ၂၈ ရက် တွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ရုံးအမှတ် (၂၆) ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ယင်းသို့တွေ့ဆုံစဉ် မြန်မာ-ဘယ်လာ ရုစ်နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ရင်းနှီး မြှုပ် နှံမှု၊ ဘဏ်လုပ်ငန်းနှင့် ချေးငွေဆိုင်ရာကိစ္စ ရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန် ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးဟန်ဝင်း အောင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင် ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲအပြီးတွင် ဘယ်လာရုစ်နိုင်ငံ Belinvet Bank မှကိုယ်စားလှယ်နှင့် မြန်မာ့ စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ဘဏ်နှင့် မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ်တို့မှ ဦးဆောင်ညွှန် ကြားရေးမှူးများက ဘဏ်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ (Bankin Arrangements) ကို လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရသည်။
ထို့အတူမြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးနှင့်ဘယ်လာ ရုစ် သမ္မတနိုင်ငံ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ H.E .M.Alexandar EGOROV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို မေ ၂၈ ရက်တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ကံ့ကော်ခန်းမ၌ တွေ့ဆုံခဲ့ ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံမှုတွင် နှစ်နိုင်ငံဗဟို ဘဏ်များအကြား အပြန်အလှန်နားလည် မှုများ ပိုမိုခိုင်မာအားကောင်းလာစေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးကပ် စွာဆောင်ရွက်နိုင်စေရေး၊ ပိုမိုခိုင်မာသော ဘဏ်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများမှတစ်ဆင့် နှစ်နိုင်ငံအကြား စီးပွားရေး နှင့်ကုန်သွယ်ရေးဆိုင်ရာ ဆက်သွယ်ဆောင် ရွက်မှုများကို အထောက်အကူပြုနိုင်ရေး၊ နှစ်နိုင်ငံအကြား ကူးသန်းရောင်းဝယ်ရေး ဘဏ်များ ကို ကူညီထောက်ပံ့ပေးနိုင်ရေး နှင့် နှစ်နိုင်ငံ ဗဟိုဘဏ်ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန်အတွက် သင် တန်းများ ပူးတွဲကျင်းပနိုင်ရေးတို့နှင့် စပ် လျဉ်း၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါတွေ့ဆုံပွဲသို့မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများနှင့် ဌာန ဆိုင် ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဗဟိုဘဏ်တို့ အကြား ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နား လည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအ ခမ်းအနားကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဇမ္ဗူသီရိခန်းမ၌ ဆက်လက်ကျင်းပရာ မြန် မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌဒေါက်တာ ခင်နိုင်ဦး ရှေ့မှောက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာစန္ဒာဦး နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ H.E .M.Alexandar EGOROV တို့က အဆိုပါနားလည်မှုစာချွန် လွှာတွင် လက်မှတ်ရေး ထိုးကာစာချွန်လွှာ များကိုအပြန်အလှန် လဲလှယ်ခဲ့ကြောင်းသိ ရသည်။
ထိုသို့နားလည်မှုစာချွန်လွှာအား လက် မှတ်ရေးထိုးခြင်းဖြင့် နှစ်နိုင်ငံဗဟိုဘဏ် အကြား ငွေကြေးမူဝါဒများ၊ မေခရိုစီးပွား ရေးဆိုင်ရာမူဝါဒများ၊ ဘဏ်လုပ်ငန်းစနစ် များနှင့်ပတ်သက်၍သဘောထားအမြင်များ ဖလှယ်ရန်၊ ငွေရေးကြေးရေးနှင့် ဘဏ်လုပ် ငန်း ဝန်ဆောင်မှုများ ပိုမိုနီးကပ်စွာ ပူး ပေါင်း ဆောင်ရွက်နိုင်ရန်နှင့် သတင်းအချက် အ လက်များဖလှယ်ရန်၊ နှစ်နိုင်ငံအကြား ကုန် သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ဆက်သွယ် ဆောင်ရွက်မည့် နှစ်နိုင်ငံ၏ ကူးသန်းရောင်း ဝယ်ရေးဘဏ်များကို ကူညီထောက်ပံ့ပေး ရန်စသည့် နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်မှုများအား မြှင့်တင်ဆောင်ရွက် သွားနိုင်မည့်အပြင် နှစ်နိုင်ငံဗဟိုဘဏ်များ အကြား စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများကိုလည်း ပူးတွဲကျင်းပနိုင် မည်ဖြစ်သည့်အတွက် ဝန်ထမ်းများ၏ စွမ်း ဆောင်ရည်များလည်း ပိုမိုပြည့်ဝလာစေခြင်း စသည့်အကျိုးကျေးဇူးများ များစွာ ဖြစ်ထွန်းရရှိစေမည်ဖြစ်ကြောင်း သိရသည်။















