မန္တလေးတိုင်း သာစည်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိတ္ထီလာ-တောင်ကြီးကားလမ်း ရေကျော်ပြီး ရေကြီးရေလျှံမှုဖြစ်ပွား

မန္တလေးတိုင်း သာစည်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိတ္ထီလာ-တောင်ကြီးကားလမ်း ရေကျော်ပြီး ရေကြီးရေလျှံမှုဖြစ်ပွား
Published 18 May 2026

မန္တလေးတိုင်း သာစည်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိတ္ထီလာ-တောင်ကြီးကားလမ်း ရေကျော်ပြီး ရေကြီးရေလျှံမှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

မေ ၁၈ နံနက် ၅ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာအုပ်စု၊ မယ်ဇလီကန်ကျေးရွာအနီး၊ မိတ္ထီလာ-တောင်ကြီးကားလမ်း၊ မိုင်တိုင်အမှတ်(၅/၂၃)နှင့် (၅/၂၄)ကြားတွင် ရေကျော်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သာစည်မြို့နယ်မီးသတ်စခန်းနှင့် လှိုင်းတက်နယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကူညီရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ၂၄ နာရီအတွင်း နေရာကွက်၍ မိုးကြီးခဲ့ကြောင်း မိုးဇလက ထုတ်ပြန်သည်။

လွန်ခဲ့သော ၂၄ နာရီအတွင်းက နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ကြောင်း မိုးဇလထုတ်ပြန်ချက်တွင် ပါရှိသည်။

Most Read

Most Recent