နည်းပြ အာဘီလိုအာက မိမိကို စတုတ္ထဦးစားပေးတိုက်စစ်မှူးလို့ ပြောခဲ့ကြောင်း ဘာပေ ဖွင့်ဟ

နည်းပြ အာဘီလိုအာက မိမိကို စတုတ္ထဦးစားပေးတိုက်စစ်မှူးလို့ ပြောခဲ့ကြောင်း ဘာပေ ဖွင့်ဟ
Photo: X
Photo: X
Published 15 May 2026

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဘာပေက နည်းပြ အာဘီလိုအာက မိမိကို စတုတ္ထဦးစားပေးတိုက်စစ်မှူးလို့ ပြောခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။

မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ရီးယဲလ် ၂-၀ အိုဗီယေဒို လာလီဂါပွဲစဉ်မှာ ဘာပေက (၆၉)မိနစ်ရောက်မှ လူစားဝင်ကစားခဲ့ရပြီး ပရိသတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒီအတွက် ဂျာနယ်လစ်တွေက ပွဲအပြီး မေးမြန်းခဲ့ရာမှာ ဘာပေက သူ့အနေနဲ့ ကြံ့ခိုင်မှုပြည့်ဝနေကြောင်းနဲ့ နည်းပြကြောင့်သာ ပွဲထွက်ခွင့်မရခြင်းဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

''ကျွန်တော် ကောင်းပါတယ်။ (၁၀၀)ရာခိုင်နှုန်းပါ။ ကျွန်တော် မကစားခဲ့တာ အသင်းရဲ့လူစာရင်းမှာ ကျွန်တော်က မက်စတန်တူနို၊ ဗင်နီစီယပ်စ်၊ ဂွန်ဇာလိုတို့ရဲ့နောက် စတုတ္ထဦးစားပေးတိုက်စစ်မှူးလို့ နည်းပြက ပြောခဲ့တာကြောင့်ပါ။ ဒါကို ကျွန်တော် လက်ခံပြီး ကျွန်တော့်ကို ပေးတဲ့အချိန်မှာပဲ ကစားတာပါ။ ကျွန်တော် ကစားတာကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော် ပွဲထွက်ကစားဖို့ အဆင်သင့်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် နည်းပြကို စိတ်မဆိုးပါဘူး။ နည်းပြရဲ့ ဆုံးဖြတ်ချက်ကို အမြဲလေးစားရမှာပါ။ ပွဲထွက်စာရင်းထဲ ပြန်ပါလာဖို့ ပြင်းပြင်းထန်ထန်ကြိုးစားသွားမှာပါ'' လို့ ဘာပေက ပြောကြားခဲ့ပါတယ်။

ဘာပေရဲ့ မှတ်ချက်စကားနဲ့ပတ်သက်ပြီး အာဘီလိုအာကို မေးမြန်းရာမှာတော့ ကျွန်တော့်မှာ တိုက်စစ်မှူး(၄)ယောက် ရှိချင်ပါတယ်။ မရှိပါဘူး။ သေချာတာကတော့ ဘာပေကို အဲဒီလိုမျိုး ကျွန်တော် မပြောခဲ့ပါဘူး။ သူ ကျွန်တော့်ကို နားလည်မှုလွဲခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူ့ကို စတုတ္ထဦးစားပေးတိုက်စစ်မှူးလို့ ပြောစရာအကြောင်း မရှိပါဘူး။ ကျွန်တော်က နည်းပြပါ။ ဘယ်သူ ကစားရမယ်၊ ဘယ်သူ မကစားရဘူးဆိုတာ ဆုံးဖြတ်ရတဲ့သူပါ။ လွန်ခဲ့တဲ့(၄)ရက်က အရန်ခုံမှာ မရှိခဲ့တဲ့ ကစားသမားတစ်ယောက်က ဒီနေ့ ပွဲထွက်ခွင့်မရသင့်ပါဘူး။ ဒါက ဗိုလ်လုပွဲလည်း မဟုတ်ပါဘူး။ သေရေးရှင်ရေးအခြေအနေလည်း မဟုတ်ပါဘူး။ ကျွန်တော် ဘယ်သူနဲ့မှ ပြဿနာမရှိပါဘူး'' လို့ အာဘီလိုအာက ပြောကြားခဲ့ပါတယ်။

Most Read

Most Recent