အင်းတော်မြို့ အထကကျောင်း(ခွဲ)၌ ကျောင်းအုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်နေသည့် ပညာရေးဝန်ထမ်းများကို PDF များက FPV Suicide Drone များဖြင့် တိုက်ခိုက်သဖြင့် ပညာရေးဝန်ထမ်း သုံးဦး ထိခိုက်ဒဏ်ရာရရှိ

အင်းတော်မြို့ အထကကျောင်း(ခွဲ)၌ ကျောင်းအုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်နေသည့် ပညာရေးဝန်ထမ်းများကို PDF များက FPV Suicide Drone များဖြင့် တိုက်ခိုက်သဖြင့် ပညာရေးဝန်ထမ်း သုံးဦး ထိခိုက်ဒဏ်ရာရရှိ
Published 13 May 2026

စစ်ကိုင်းတိုင်း​ဒေသကြီး အင်းတော်မြို့ အထကကျောင်း(ခွဲ)၌ ကျောင်းအုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်နေသည့် ပညာရေးဝန်ထမ်းများကို PDF များက FPV Suicide Drone များဖြင့် တိုက်ခိုက်သဖြင့် ပညာရေးဝန်ထမ်း သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

မေ ၁၂ ရက်က အင်းတော်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(အောင်ဇေယျ)၌ ဆရာ၊ ဆရာမ များနှင့် ရုံးအဖွဲ့များက ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်း အပ်နှံခြင်း၊ စာသင်ခန်းများနှင့် သင်ထောက်ကူပစ္စည်းများ စနစ်တကျရှိစေရေး စသည့် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် PDF များက အင်းတော်မြို့၏ အနောက်ဘက် မီတာ ၂၆၀၀ ခန့်အကွာမှနေ၍ FPV Suicide Drone ၂ စီးဖြင့် ပစ်လွှတ် တိုက်ခိုက်ခဲ့ရာ ကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် စာသင်ဆောင်များ ထိခိုက်ပျက်စီးခဲ့ကာ မူလတန်းကျောင်းအုပ် ဆရာတစ်ဦးနှင့် ရုံးဝန်ထမ်းနှစ်ဦးတို့တွင် ဗုံးစထိမှန်၍ မစိုးရိမ်ရဒဏ်ရာများရရှိခဲ့သဖြင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက် မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent