စက်သုံးဆီဈေးနှုန်း နှစ်ပတ်ဆက်တိုက် ကျဆင်းလာပြီး ပြည်တွင်းအတွက် စက်သုံးဆီ ရက် ၆၀ စာ လုံလောက်မှုရှိသည်ဟု လျှပ် စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ မေ ၁ ရက်အတွက် ရန်ကုန်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များအတွက် စက်သုံးဆီ ရည်ညွှန်းဈေးများ ထုတ်ပြန်ရာတွင် ယခင်အပတ် ကထက်ဈေးနှုန်းများ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။
မေ ၁ ရက်တွင် ရန်ကုန်မြို့တွင်း ရောင်း ချလျက်ရှိသည့် စက်သုံးဆီရည်ညွှန်းဈေးနှုန်းများမှာ အောက်တိန်း ၉၂ တစ်လီတာ လျှင် ၄၅၁၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီ တာလျှင် ၄၆၇၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၅၂၇၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီ တာလျှင် ၆၄၅၅ ကျပ်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က ရောင်းချခဲ့ ဈေးနှုန်းများမှာ ရန်ကုန်တွင် ၉၂ ဓာတ်ဆီ တစ်လီတာ ကျပ် ၄၆၆၈၊ ၉၅ ဓာတ်ဆီ တစ်လီတာ ကျပ် ၄၉၀၉၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၅၇၅၂၊ ပရီမီယံဒီဇယ် တစ်လီတာကျပ် ၇၀၁၂ ဖြစ်သည်။
ယင်းကြောင့် ၉၂ တစ်လီတာလျှင် ၁၅၃ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင်၂၃၉ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၄၇၇ ကျပ် နှင့် ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၅၅၇ ကျပ် ကျဆင်းလာသည်ကို တွေ့ရသည်။
အလားတူ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ထားဝယ်၊ မုံရွာ၊ပုသိမ်၊ မြစ်ကြီး နား၊ စစ်တွေ၊ ဘားအံ၊ မော်လမြိုင်၊လားရှိုး၊ တောင် ကြီး အစရှိသည့် မြို့ကြီးများ၏ စက် သုံးဆီ ရည်ညွှန်းဈေးများမှာလည်း ပြီးခဲ့သည့် အပတ်ကထက် ဈေးနှုန်းများ ကျဆင်းလာကြောင်း သိရသည်။
စက်သုံးဆီများမှာ ရက်သတ္တပတ် နောက်ဆုံးရက်ဖြစ်သည့် သောကြာနေ့တွင် ဈေးနှုန်းများကို ပြောင်းလဲခြင်းဖြစ်သည်။
ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများမြင့်တက် ခဲ့သော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်း များစွာမြင့်တက်သွားခြင်းမရှိစေရေးအတွက် အစိုးရမှ ကြပ်မတ်ညှိနှိုင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ နိုင်ငံတော်အတွင်း စက်သုံး ဆီဖူလုံမှုအနေဖြင့် ၆၀ ရက်စာလုံလောက်မှု ရှိကြောင်း၊ စက်သုံးဆီ ဝယ်ယူသုံးစွဲသူများ အ နေဖြင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူသို လှောင်ခြင်းမပြုဘဲ လိုအပ်သည့်အချိန်တွင် လိုအပ်သည့် ပမာဏကိုသာ ဝယ်ယူသုံးစွဲ ခြင်းဖြင့် ကဏ္ဍအလိုက်အသုံးပြုမှုကို ထိ ရောက်စွာ စီမံခန့်ခွဲနိုင်မည် ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထို့ပြင် စက်သုံးဆီဖြန့်ဖြူးနေမှု တည် ငြိမ်သည့်အခြေအနေသို့ ရောက်ရှိလာမှုအ ပေါ် ပျက်ပြားစေရန်ရည်ရွယ်၍ ကောလာ ဟလ မဟုတ်မမှန်သတင်းများ ပြည်ပမီဒီ ယာများသို့ ပေးပို့နေသူများရှိခြင်းနှင့် ပြည်ပ မီဒီယာအချို့မှ ပြည်သူများ ထင်ယောင်ထင် မှားဖြစ်စေရန် မမှန်ကန်သည့်ဓာတ်ပုံများ၊ သတင်းများ ထုတ်လွှင့်ဖြန့်ဝေခြင်းများရှိနေသော်လည်း ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကြောင့် လက်ရှိအခြေအ နေတွင် စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီဖြန့်ဖြူးမှုမှာ တည်ငြိမ်၍ ပုံမှန်အခြေအနေတွင်ရှိနေသည်ကို တွေ့ရှိရသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။















