ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနိုက လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ Coldplay အဖွဲ့ဦးဆောင်တဲ့ Halftime Show ပါဝင်မယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
ဖီဖာက ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ Halftime Show ထည့်သွင်းဖို့ ၂၀၂၄ ခုနှစ်ကတည်းက ကြေညာထားတာဖြစ်ပြီး အခု အင်ဖန်တီနိုက ထပ်မံအတည်ပြုခဲ့တာပါ။
ဒါကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ သမိုင်းတစ်လျှောက် ပထမဆုံး Halftime Show ကို မြင်တွေ့ရမှာဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာလည်း ထည့်သွင်းခဲ့ကြောင်း သိရပါတယ်။
''Halftime Show မှာ ဘယ်အနုပညာရှင်တွေ ပါဝင်ဖျော်ဖြေမှာလဲဆိုတာ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ ခရစ္စမာတင်(Coldplay အဖွဲ့ရဲ့ အဆိုတော်)တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ တစ်ယောက်ထက် ပိုပါတယ်။ ပြီးတော့ အဲဒါက ကမ္ဘာ့အကြီးကျယ်ဆုံး ရှိုးတွေထဲက တစ်ခု ဖြစ်လာမှာပါ။ စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲ ဖြစ်လာမှာပါ'' လို့ အင်ဖန်တီနိုက ပြောကြားခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ဇူလိုင်(၁၉)ရက်နေ့မှာ အမေရိကန်နိုင်ငံမှာ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။















