■ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်ဖွဲ့စည်းသည့် မြန်မာအစိုးရသစ်ကို ကြိုဆိုကြောင်း TNLA က ဂုဏ်ပြုသဝဏ်လွှာပေးပို့

■ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်ဖွဲ့စည်းသည့် မြန်မာအစိုးရသစ်ကို ကြိုဆိုကြောင်း TNLA က ဂုဏ်ပြုသဝဏ်လွှာပေးပို့
Published 15 April 2026

နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်ဖွဲ့စည်းသည့် မြန်မာအစိုးရသစ်ကို ကြိုဆိုကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၊ တအာင်းတပ်မတော်(PSLF/TNLA) ဗဟိုအလုပ်အမှုဆောင်ကော်မတီက ယနေ့(ဧပြီ ၁၅ ရက်)တွင် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဧပြီလ ပထမပတ်တွင် ဦးမင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတတာဝန် ရွေးချယ်ခန့်အပ်ပြီး အရပ်သားအစိုးရသစ် ဖွဲ့စည်းလိုက်ခြင်းကို မိမိတို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၊ တအာင်းတပ်မတော် (PSLF/TNLA)ကြိုဆိုကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မိမိတို့ တအာင်းတပ်မတော် (TNLA)သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဟိုင်ဂင်သဘောတူညီချက်မှတဆင့် (၉) ကြိမ်မြောက်ဆွေးနွေးပွဲတွင် မြန်မာ့တပ်မတော် နှင့် နှစ်ဖက်အပြန်အလှန်အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ၂၀၂၅ ခုနှစ် အောက်တို ဘာလ (၂၈) ရက်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သဝဏ်လွှာတွင်ဖော်ပြပါရှိသည်။

ထို့အတူ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးအနေဖြင့် မြန်မာ့တပ်မတော်နှင့်အတူ နိုင်ငံတော် သမ္မတဦးမင်းအောင်လှိုင်၏ မြန်မာအစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲရေးကတိကဝတ်များကို ဆက်လက်ထိန်းသိမ်းပြီး၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာနိုင်ရန် အထူးမျှော်လင့်ထားပါကြောင်း ဤသဝဏ်လွှာကို ပေးပို့လိုက်ကြောင်း ဖော်ပြပါရှိသည်။

Most Read

Most Recent